5 ရက် - ဘာသာပြန်ပါ။

မာရာဒိုနာရဲ့ နေအိမ်ကို ဟင်းချိုချက်ခန်းအဖြစ် ပြောင်းလဲ အသုံးပြုနေ
=====================
ဒီယေဂိုမာရာဒိုနာ ငယ်စဉ်တုန်းက နေထိုင်ခဲ့တဲ့ နေအိမ်ဟောင်းကို ဟင်းချိုချက်ခန်းအဖြစ် အံ့ဩသင့်ဖွယ် ပြောင်းလဲ အသုံးပြုနေပါတယ်။

အာဂျင်တီးနားဂန္ထဝင်ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတုန်းက အသက် ၆၀ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။

မာရာဒိုနာရှိ အိမ်ဟောင်းမှာ ဘရူနိုအေရိပ်စ်အပြင်ဘက် ဗီလာဖီအိုရီတိုရှိ ဆင်းရဲသားရပ်ကွက်တွင် တည်ရှိတာ ဖြစ်ပါတယ်။

မာရာဒိုနာရဲ့ နေအိမ်ဟောင်းတွင် ရပ်ကွက်တွင်း နွမ်းပါးတဲ့သူများအား လှူဒါန်းအတွက် အစားအသောက်များ ချက်ပြုတ်နေတာ ဖြစ်ပါတယ်။

ယင်းနေအိမ်ကို မာရာဒိုနာက ပိုင်ဆိုင်တော့ခြင်း မရှိတော့ပါဘူး။

ဒါပေမယ့် ယင်းနေအိမ်တွင် မာရာဒိုနာရဲ့ နံရံဆေးရေးပန်းချီ၊ The House of God ဆိုတဲ့စာသားတို့ ရေးသားထားပြီး ၂၀၂၁ ခုနှစ်တုန်းက ယင်းနေအိမ်ကို နိုင်ငံသမိုင်းဝင်နေအိမ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။

လက်ရှိ ယင်းနေအိမ်ပိုင်ရှင်က ပရဟိတသမားအား ငှားရမ်းထားတာပါ။

အာဂျင်တီးနားနိုင်ငံတလွှား ငွေကြေးအကြပ်ဆိုက်မှု ဖြစ်ပွားနေမှုနှင့်အတူ နွမ်းပါးတဲ့ ဒေသခံများဟာ အလှူရှင်များကို အားကိုးကာ စားဝတ်နေရေး ရပ်တည်နေရပါတယ်။

ယင်းဟင်းချိုချက်လုပ်မှုကို ဦးဆောင်လုပ်နေတဲ့ သင်းအုပ်ဆရာလီယိုနာဒိုဖေဘီယန်အယ်ဗာရက်ဇ်က "အစားအသောက်တောင်းဆိုမှု ၃၀၀ ရာခိုင်နှုန်းအထိ တိုးလာတယ်။ လူတွေ အလုပ်လက်မဲ့ ဖြစ်လာတယ်။ ဒီတော့ ရှက်ရွံ့ရွံ့နဲ့ပဲ ဒီမှာ တန်းစီမှာ ကျွန်တော်တို့ ပေးသမျှ ယူကြတယ်။ ဒါမျိုး အရင်တုန်းက တခါမျှ မဖြစ်ဖူးဘူး"လို့ ပြောကြားသွားပါတယ်။

မာရာဒိုနာဟာ မူးယစ်ဆေးဝါးစွဲပြဿနာကြုံခဲ့ဖူးသူ ဖြစ်ပြီး ကျန်းမာရေး ပြဿနာများ ကြုံရပြီးနောက် နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။

သူဟာ ကစားသမားဘဝအတွင်း ဘိုကာဂျူနီယာ၊ ဘာစီလိုနာ၊ နာပိုလီတို့တွင် ကစားခဲ့ပါတယ်။

နာပိုလီဟာ မာရာဒိုနာ ကွယ်လွန်သွားပြီးနောက် ကွင်းအား Diego Armando Maradona Stadium လို့ အမည်ပေးကာ ဂုဏ်ပြုထားပါတယ်။

သူဟာ ကစားသမားဘဝတုန်းက အာဂျင်တီးနားနှင့်အတ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သလို နည်းပြအဖြစ်လည်း ၂ ကြိမ် ကိုင်တွယ်ခဲ့ရာမှာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ်သို့အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

image