1 ပတ် - ဘာသာပြန်ပါ။

ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု

ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေ ခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့်ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

image