သမ္မတစိစစ်ရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေ နက်ဖြန်ပြည်ထောင်စုလွှတ်တေတော်မှာတင်ပြမယ်
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဥ်ကို ဧပြီ၂ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာမှ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့
အသီးသီးက တင်ပြတဲ့ ဒုတိယသမ္မတတွေရဲ့ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ရဲ့
စိစစ်တွေ့ရှိချက်ကို တင်ပြမယ်လို့ လွှတ်တော်ရုံးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
အဲဒီနောက်မှာမှ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ အချိန်ကို ကြေညာမှာဖြစ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ဖို့ လျှို့ဝှက်ဆန္ဒမဲပေးတာနဲ့ ပတ်သက်လို့ ကြိုတင်ရှင်းလင်းတင်ပြမယ်လို့ VOM က သတင်းရရှိပါတယ်။
အဲဒီလိုကိစ္စတွေအပြင် ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး ကော်မတီတွေမှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အဖွဲ့ဝင်တွေ အမည်စာရင်း တင်ပြမယ်လို့ သတင်းရရှိပါတယ်။