EV ကားများ ယနေ့မှစ၍ တစ်နိုင်ငံလုံးရှိ ဂိတ်တိုင်းတွင် လမ်းအသုံးပြုခ ပေးဆောင်ရမည်
လျှပ်စစ်သုံးယာဉ် (EV) များသည် ယနေ့ (ဧပြီ ၁ရက်) မှ စတင်၍ တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေးဂိတ်တိုင်းတွင် လမ်းအသုံးပြုခ ပေးဆောင်ရမည်ဖြစ် သည်။
ထိုသို့ပေးဆောင်ရာတွင် လမ်းအသုံးပြုခများကို အခြားသောယာဉ်များနည်းတူ လမ်းအသုံးပြုခကောက်ခံသည့် ဂိတ်များ၌ အသုံးပြုခ ပေးဆောင်ရမည်ဖြစ်သည်ဟုလည်း သိရသည်။
လျှပ်စစ်သုံးယာဉ်များ၊ လျှပ်စစ်သုံးယာဉ်များ၏ အပိုဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လမ်းအသုံးပြုခကင်းလွတ်ခွင့်ပြုသည့်ကာလသည် ယမန်နေ့ (မတ်၃၁ရက်) နေ့တွင် ကုန်ဆုံးသွားပြီ ဖြစ်သည်။
ထို့ကြောင့် EV ယာဉ်များသည် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ယာဉ်အမျိုးအစား (၂၂) မျိုးအတိုင်း ကောက်ခံမည့်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပါက အမြန်လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။