ရန်ကုန်မြို့သို့ချစ်ကြည်ရေးခရီးလာရောက်သည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457)

ထိုင်းဘုရင့်ရေတပ်မှ 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ စစ်ရေယာဉ် HTMS Kraburi (FFG-457)သည် ယနေ့ မတ် ၃၁ ရက်နံနက်ပိုင်းက ချစ်ကြည်ရေးခရီးစဥ်အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်မြို့တွင် ဧပြီ ၄ ရက်အထိ (၅)ရက် ကြာနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများယှဥ်ပြိုင်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာခြင်းအား တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

image