6 ရက် - ဘာသာပြန်ပါ။

ဧပြီလတွင် ရောင်းချရမည့် ရန်ကုန်အထိုင် လက္ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းများ အသိပေး

ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူး‌ရောင်းချရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်မှုဖြင့် တောင်သူများ အဓိကသုံးစွဲနေသည့် မြေဩဇာများကို ရန်ကုန်အထိုင် လက္ကားဈေးနှုန်းအဖြစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရောင်းချရမည့်ဈေးနှုန်းများကို အသင်းဝင်းကုမ္ပဏီများ သို့ ညွှန်ကြားထားကြောင်း ဧပြီ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယူရီးယားမြေဩဇာ အလုံးကြီး ၅၀ ကီလို တစ်အိတ်လျှင် ကျပ်(၉၄,၀၀၀)ကျပ် ၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ကျပ်( ၁၁၅,၀၀၀) ဈေးနှုန်းအဖြစ် သတ်မှတ်ထားကြောင်း အသိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Complex ၁၅ ပတ်လည် မြေဩဇာကိုမူရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားခြင်းမရှိကြောင်းနှင့် အဆိုပါ ဈေးနှုန်းများသည် ရန်ကုန်အထိုင် လက္ကားဈေးနှုန်း လက်ငင်းငွေချေစနစ် ဈေးများ ဖြစ်ကြောင်းလည်း သိရသည်။

ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များ အပေါ်တွင် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း နှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းခြခြင်းမရှိပါက ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူး‌ရောင်းချရေး ဦးဆောင်ကော်မတီ နှင့် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းမရှင်များ အသင်း သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း လည်း သိရသည်။

image