ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ၇၂ ရက်တည်းသာ လိုတော့တဲ့အချိန်တွင် နည်းပြကို ထုတ်ပယ်လာတဲ့ ဂါနာ
===================
ဂါနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ၇၂ ရက်တည်းသာလိုတော့တဲ့အချိန်တွင် နည်းပြအော့တိုအက်ဒိုအား ထုတ်ပယ်လာပါတယ်။

ဂါနာဟာ သောကြာနေ့တုန်းက ဗီယင်နာတွင် ဩစတြီးယားကို ၅-၁ ဖြင့်လည်းကောင်း၊ တနင်္လာနေ့တုန်းက စတုဂတ်တွင် ဂျာမနီကို ၂-၁ဖြင့်လည်းကောင်းရှုံးနိမ့်ပြီးနောက် အော့တိုအက်ဒိုနှင့် လမ်းခွဲရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

ဂါနာဟာ ကမ္ဘာ့ဖလားအပ်စုတွင်းတွင် အင်္ဂလန်နှင့် တစ်အုပ်စုတည်းကျနေတဲ့အသင်း ဖြစ်ပြီး နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။

အော့တိုဟာ အသင်းတွင် မိုဟာမက်ကူဒပ်စ်၊ အန်တိုနီဆီမန်ယိုတို့ကဲ့သို့ စတားကစားသမားများရှိနေပေမယ့် ဂါနာကို ၂၀၂၅ အာဖရိကဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၅၀ နှစ်ရှိ အော့တိုဟာ ဂျာမန်ဖွားတစ်ခုဖြစ်ပြီး ကစားသမားဘဝတစ်ခုလုံးကို ဂျာမနီတွင် ကုန်ဆုံးလာသူ ဖြစ်ပါတယ်။

သူဟာ ကစားသမားဘဝတုန်းက ဂါနာအတွက် ၁၅ ပွဲကစားခဲ့ကာ ၂၀၂၄ ခုနှစ် မတ်လတုန်းက ဂါနာကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။

ဂါနာဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များအဖြစ် ဇွန်လ ၁၈ ရက်နေ့တွင် ပနားမားနှင့်လည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် အင်္ဂလန်နှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ခရိုအေးရှားနှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။

image