6 ရက် - ဘာသာပြန်ပါ။

ရောဘတ်တိုဒီဇာဘီအား နည်းပြသစ်အဖြစ် ငါးနှစ်စာချုပ်ဖြင့် စပါးစ် ခန့်အပ်လာ
====================
စပါးစ်ဟာ ရောဘတ်တိုဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်လာပါတယ်။ စပါးစ်ဟာ အီတလီလူမျိုးနည်းပြရဲ့စာချုပ်အတွင်းမှာ တန်းဆင်းရလျှင် ဖြစ်လာမယ့်အကျိုးဆက်နှင့်ပတ်သက်ပြီး တစုံတရာ ထည့်သွင်းချုပ်ဆိုထားခြင်း မရှိဘဲ ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ အသင်းကို ယာယီနည်းပြအဖြစ် ၄၄ ရက်ကြာသာ ကိုင်တွယ်ရသေးတဲ့ ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ်ကို တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်ရပြီးနောက် တနင်္ဂနွေနေ့တုန်းက ထုတ်ပယ်ခဲ့ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းရောဘတ်တိုဒီဇာဘီဟာ ဖေဖော်ဝါရီလတုန်းက ပြင်သစ်လီဂူး ၁ ကလပ် မာဆေးမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး နွေရာသီတွင်မှ စပါးစ်ကို ကိုင်တွယ်လိုနေခဲ့တာပါ။

ဒါပေမယ့် စပါးစ်က ရောဘတ်တိုဒီဇာဘီကို အသင်းကို ပရီးမီးယားလိဂ်မှ တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မယ့်သူအဖြစ် အပြည့်အဝယုံကြည်နေမှုနှင့်အတူ မြင့်မားတဲ့ လုပ်ခဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်လာပါတယ်။

ဒီဇာဘီဟာ စပါးစ်တွင် မန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်လာမှာ မဟုတ်ဘဲ နည်းပြချုပ်ရာထူးအဖြစ်သာ တာဝန်ထမ်းဆောင်လာမှာလည်းဖြစ်ပါတယ်။

စပါးစ်နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် အသက် ၄၅ နှစ်ရှိ ဒီဇာဘီက "ကမ္ဘာ့အကြီးမားဆုံးနဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးကလပ်တွေထဲက တစ်ခုဖြစ်တဲ့ ဒီအံ့ဩသင့်စရာကလပ်နဲ့ ပူးပေါင်းခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ကလပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားဟန်နဲ့ကစားပြီး ပရိသတ်တွေ စိတ်လှုပ်ရှားစေနိုင်မယ့် ကြီးမားတဲ့ အောင်မြင်မှု ရယူနိုင်ရေး အသင်းတစ်သင်းတည်ဆောက်ရေး ရည်မှန်းချက်ကို သိခဲ့ရတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေအပေါ် ယုံကြည်မှု ရှိလို့ ဒီနေရာမှာ ရှိနေတာပါ။ အားလုံးပေးဆပ်ဖို့အတွက် ငါးနှစ်စာချုပ်ချုပ်ဆိုလာတာပါ။ အခု ကာလိုရည်မှန်းချက်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအပေါ်ပိုင်းသို့ တက်ရေးပါ။ ရာသီနောက်ဆုံးပွဲ နောက်ဆုံးခရာမှုတ်တဲ့အထိ အပြည့်အဝ အာရုံစိုက်ရမယ်။ ဒီရည်မှန်းချက်တွေ ဖြစ်လာဖို့ လေ့ကျင့်ရေးကွင်းသို့ ဆင်းပြီး ကစားသမားတွေနဲ့ အလုပ်လုပ်ချင်နေပါပြီ"လို့ ပြောကြားသွားပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ စပါးစ်အား ပရီးမီးယားလိဂ်တွင် တင်ကျန်ရေး ပထမဆုံး တိုက်ပွဲအဖြစ် လာမယ့် တနင်္ဂနွေနေ့တွင် ဆန်းဒါးလန်းနှင့် ရင်ဆိုင်ကစားရပါမယ်။

စပါးစ်ဟာ အမျိုးသမီးပရိသတ်အဖွဲ့များက ယခင်ကလပ် မာဆေးကို ကိုင်တွယ်စဉ်တုန်းက အမျိုးသမီးကိစ္စရေးရာနှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရဖူးတဲ့ မေဆင်ဂရင်းဝုဒ်ကို ချီးကျူးပြောဆိုမှု ပြုလုပ်မှုအတွက် ရောဘတ်တိုဒီဇာဘီအား မခန့်အပ်ရေး က့န်ကွက်နေတဲ့ကြားမှ ခန့်အပ်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

image