6 ရက် - ဘာသာပြန်ပါ။

အမေရိကန်တွင် ကစားမယ့် ကမ္ဘာ့ဖလားပွဲများတွင် အီရန် ကစားလာမည်ဟု ဖီဖာဥက္ကဌအတည်ပြု ပြောကြားလာ
======================
ဖီဖာဥက္ကဌဂီယန်နီအင်ဖန်တီနိုက အီရန်အသင်းမှာ အမေရိကန်တွင် ကစားရန် ရေးဆွဲထားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်များတွင် ပါဝင်ကစားလာမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အီရန်အသင်းဟာ အမေရိကန်/အစ္စရေးနှင့် အီရန်တို့ စစ်ဖြစ်ပွားနေမှုနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်က အမေရိကန်တွင် ကစားရမယ့် ကမ္ဘာဖလားအုပ်စုပွဲစဉ်အားလုံးကို မက္ကဆီကိုသို့ ပြောင်းရွှေ့ကစားနိုင်ရေး ဖီဖာနှင့် ဆွေးနွေးနေကြောင်း ကြေညာသွားခဲ့ပါတယ်။

ယခုအခါ အင်ဖန်တီနိုက "အီရန်က ကမ္ဘာ့ဖလားမှာ ရှိနေပါမယ်။ သူတို့က အရမ်း အရမ်းကို တောင့်တင်းတဲ့အသင်းဖြစ်လို့ ဝမ်းသာတယ်။ ကျွန်တော် အရမ်းပျော်တယ်။ ပွဲစဉ်ရွေးဆွဲထားစဉ်တုန်းကအတိုင်း သူတို့ ကစားလာပါမယ်"လို့ ပြောကြားသွားပါတယ်။

အီရန်ဟာ ဇွန်လ ၁၅ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် အယ်လ်အေတွင် နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နှင့်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ဆက်တယ်တွင် အီဂျစ်နှင့်လည်းကောင်း ကစားရပါမယ်။

မက္ကဆီကိုသမ္မတကလူဒီယာရှိန်းဘောင်းက လိုအပ်လာပါက အီရန်ရဲ့ ပွဲစဉ်များကို မက္ကဆီကိုတွင် လက်ခံကျင်းပရန် အသင့်ရှိကြောင်း ပြောဆိုထားပေမယ့်လည်း ဖီဖာအနေဖြင့် လက်မှတ်၊ အသင်းအခြေစိုက်ရာ တည်နေရာ၊ ရုပ်သံထုတ်လွှင့်မှုအပိုင်းတို့ကို အပြောင်းအလဲ ပြုလုပ်လာရမယ့်အပြင် ရှုံးထွက်အဆင့်သို့ တက်ရောက်လာပါကလည်း အမေရိကန်တွင်ပင် ကစားလာရမှာ ဖြစ်လို့ အပြောင်းအလဲ ပြုလုပ်ရန် ခက်ခဲနေပါတယ်။

image