6 ရက် - ဘာသာပြန်ပါ။

လေ့ကျင့်ရေးကွင်းသို့ လာရောက်ရန် ပျက်ကွက်တဲ့ လူကာကူကို နာပိုလီ ဒဏ်ရိုက်လာနိုင်
=====================
ရိုမီလူလူကာကူဟာ နာပိုလီအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းရန် ကလပ်ရဲ့ အကြောင်းကြားမှုကို မျက်ကွယ်ပြုမှုနှင့်အတူ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။

အသက် ၃၂ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီ အသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်လာသူဖြစ်ပြီး ပွဲထွက်ကစားသမားအဖြစ် ကစားနိုင်ခြင်း မရှိသေးပါဘူး။

လူကာကူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဘယ်လ်ဂျီယံရဲ့ အမေရိကန်၊ မက္ကဆီကိုတို့နှင့် ကစားရမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်များ လူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ နာပိုလီအသင်းနှင့် ပြန်လည်ပူးပေါင်းခြင်း မရှိဘဲ အင်္ဂါနေ့အထိ ရောက်မလာဘဲ ဘယ်လ်ဂျီယံတွင်ပင် ဆက်ရှိနေခဲ့ပါတယ်။

နာပိုလီအသင်းက လူကာကူမှာ အသင်းရဲ့ လေ့ကျင့်ခန်းဆင်းရေး အကြောင်းကြားမှုအား တုံ့ပြန်ခြင်း မရှိုမှုနှင့်အတူ အရေးယူခံလာရနိုင်ကြောင်း ကြေညာသွားပါတယ်။

လူကာကူဟာ ယခုရာသီတွင် နာပိုလီအတွက် ၆၄ မိနစ်တည်းသာ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

အင်တာမီလန်၊ ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဘယ်လ်ဂျီယံအတွက် ၁၂၄ ပွဲကစားထားကာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၄ ကြိမ်မြောက် ကမ္ဘာ့ဖလားကစားရေး မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။

၈၉ ဂိုးဖြင့် ဘယ်လ်ဂျီယံသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ လူကာကူဟာ တနင်္လာနေ့တုန်းကတော့ နာပိုလီအတွက် အစွမ်းကုန်ကစားကာ နိုင်ပွဲများ ရယူပေးလိုနေကြောင်း လူသိရှင်ကြား ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

image