စက်သုံးဆီဝယ်ရန်တန်းစီစောင့်ဆိုင်းနေရသူများအတွက် မုန့်နှင့်အအေးကုသိုလ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၇၈ လမ်းရှိ Regency စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီဝယ်ယူရန်တန်းစီစောင့်ဆိုင်းနေကြသူများအား ယနေ့ မတ် ၃၀ ရက်နေ့လည် ၁ နာရီက မုန့်နှင့်အအေးများကို ကုသိုလ်ပြုကျွေးမွေးခဲ့ကြသည်။

Regency စက်သုံးဆီအရောင်းဆိုင်၏ မန်နေဂျာဖြစ်သူမှဦးဆောင်ပြီး မဟာအောင်မြေမြို့နယ်မီးသတ်၊ မြို့နယ်အရန်မီးသတ်တပ်ရင်းနှင့် TikTok Cele ဖာစီတို့ပူး ပေါင်း၍ လူဦးရေ(၅၀၀)ဦးအတွက် အချိုရည်၊ ရေသန့်၊ ဒိုးနပ်(၃)မျိုးပါဝင်သော မုန့်ထုပ်များကိုကုသိုလ်ပြုကျွေးမွေးခဲ့ကြခြင်းဖြစ်သည်။

Photo-မဟာအောင်မြေအရန်မီးသတ်

image