3 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်တန်ဖိုးရှိ ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ မြန်မာကို အိန္ဒိယက ထောက်ပံ့

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းသည့်ပစ္စည်း ၁၁ မျိုးပါဝင်ပြီး တန်ဖိုးအားဖြင့် အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေဖြင့်ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆောက်အအုံစစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှုနည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေးရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ပလက် (Tablet / iPad with Lidar Scanner)၊ လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ်တယ်ရေညှိတန်းတိုင်းကိရိယာ (၁ မီတာ) ( Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်း ကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှုစမ်းသပ်ဟမ်မာ (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station)၊ ကွန်ပျူတာ (Computer)နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။

image