1 ပတ် - ဘာသာပြန်ပါ။

သင်္ကြန်ကာလ ခရီးသွားများအတွက် ယာဉ်လိုင်းများ ဈေးမတိုးရန် ညွှန်ကြား

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများအား လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်နှင့် ယာဉ်စီးခပိုမိုတောင်းခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ပြောကြားချက်အရ သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများအား သတ်မှတ်ထားသောနှုန်းထားအတိုင်း သင့်တင့်မျှတစွာ လက်မှတ်ရောင်းချရန်၊ သတ်မှတ်ခရီးစဉ်များအတိုင်း အချိန်မှန် ပြေးဆွဲရန်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် စက်သုံးဆီလုံလောက်စေရန် စီမံထားပြီးဖြစ်သဖြင့် ခရီးသွားပြည်သူများ မစိုးရိမ်ကြရန်လည်း ပြောကြားထားသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၂၁၅ လိုင်း၊ ယာဉ်အစီးရေ ၁၅၆၆ စီးရှိပြီး ဒဂုံ-ဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၁၀၃ လိုင်း၊ ယာဉ်အစီးရေ ၇၂၄ စီးဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်ပျ-က်စီးမှုများ သို့မဟုတ် မမျှော်မှန်းနိုင်သော ဖြစ်စဉ်များ ဖြစ်ပေါ်ပါက အရန်ယာဉ်များ အသုံးပြုနိုင်ရန် အလှည့်ကျစနစ်ဖြင့် စီစဉ်ထားပြီး ခရီးသည်ဦးရေ တိုးလာပါက ယာဉ်များ ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရန် စီမံထားကြောင်းလည်း သိရသည်။

ထို့ပြင် မြို့တွင်း YBS ယာဉ်များကိုလည်း သင်္ကြန်ပွဲတော်ကာလ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ယာဉ်လိုင်း ၇၁ လိုင်း၊ ယာဉ်အစီးရေ ၁၁၇၆ စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်နှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန်၊ ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် အာဏာပိုင်များက ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ ထုတ်ပြန်ထားသည်။

image