ပေါင် ၄ သိန်းတန် ရှားပါး မာစီးဒီးကားကို ဝယ်ယူလိုက်ပြီးနောက် ပေါင် ၁၀ သန်းဖိုးအထိ ကားဝယ်ယူစုဆောင်းလာပြီဖြစ်တဲ့ အာလင်းဟာလန်း
==================
မန်စီးတီးစူပါစတားအာလင်းဟာလန်းဟာ ပေါင် ၄၀၀၀၀၀ တန်ဖိုးရှိ ရှားပါး မားစီးဒီးကားအား ဝယ်ယူလိုက်ပြီးနောက် တန်ဖိုးကြီးကားများ ဝယ်ယူစုဆောင်းထားမှုမှာ ပေါင် ၁၀ သန်းအထိ ရှိလာပြီ ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ အစီးရေ ၁၅၀ တည်းသာ ထုတ်လုပ်ရောင်းချထားတဲ့ Maybach Virgil Abloh အား ဝယ်ယူလာတာပါ။

တန်ဖိုးကြီးစူပါကားက အသက် ၄၁ နှစ် အရွယ်တွင် ရှားပါးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Louis Vuitton ရဲ့ အနုပညာဒါရိုက်တာနှင့် ပူးပေါင်း ဒီဇိုင်းဖန်တီးထားတဲ့ကားလည်း ဖြစ်ပါတယ်။

ဒီကားကို ၂၀၂၁ ခုနှစ်တွင် အက်လို မကွယ်လွန်မီ အပြီးသတ်ဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပြီး second-hand ဈေးကွက်တွင် ကားဝယ်ယူစုဆောင်းထားသူများအတွက် ကြီးမားတဲ့ဈေးကွက်ရှိတဲ့ကားလည်း ဖြစ်ပါတယ်။

ကားခရေဇီ အာလင်းဟာလန်းဟာ တန်ဖိုးကြီးကားပေါင်းများစွာတို့ကို ဝယ်ယူစုဆောင်းထားသူဖြစ်ပြီး ယခုအခါ ရှားပါးကားတစ်စီးကို ထပ်မံ ပိုင်ဆိုင်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဘယ်မောင်း Maybach Virgil Abloh ကားတွင် 6.0L V12 တာဘိုအင်ဂျင်နှစ်လုံး အသုံးပြုထားပြီး တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

ဒီတန်ဖိုးကြီးကားကို ၄.၅ စက္ကန့်ဖြင့် ၀-၆၀ မိုင်နှုန်းအထိ အရှိန်မြှင့်နိုင်စွမ်းရှိပါတယ်။

Maybach ကားမှာ အာလင်းဟာလန်းရဲ့ တစ်ပတ်စာလုပ်ခတောင် မရှိပါဘူး။ အာလင်းဟာလန်းဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ အထိ ရရှိနေတာပါ။

သူဟာ ပေါင် ၃၅၀၀၀၀ တန်ဖိုးရှိ Aston Martin DBX 707 ၊ ပေါင် ၃၀၀၀၀၀ တန်ဖိုးရှိ Rolls-Royce Cullinan နှင့် ပေါင် ၁၆၀၀၀၀ တန်ဖိုးရှိ Porsche 911 GT3 တို့ကိုလည်း ဝယ်ယူစုဆောင်းထားပါတယ်။

image