1 ပတ် - ဘာသာပြန်ပါ။

ပရိသတ်များ တားဆီးနေတဲ့ကြားမှ ရောဘတ်တိုဒီဇာဘီအား ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရနည်းပြများထဲမှ တစ်ဦးအဖြစ် ခန့်အပ်ရေး စပါးစ် ဆွေးနွေးမှု တိုးတက်နေ
======================
စပါးစ်ဟာ ရောဘတ်တိုဒီဇာဘီအား ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦးအဖြစ် ခန့်အပ်ရေး ဆွေးနွေးမှု တိုးတက်ကောင်းမွန်နေပါတယ်။

တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ မြောက်လန်ဒန်ကလပ်ဟာ ပရိသတ်အချို့ရဲ့ ကန့်ကွက်မှု ရှိနေတဲ့ကြားထဲမှ ဘရိုက်တန်နည်းပြဟောင်းအား နံပါတ်တစ်ပစ်မှတ်အဖြစ် ခန့်အပ်ရေး အရှိန်မြှင့်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ အီတလီလူမျိုးနည်းပြကို ၅ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ မာဆေးနည်းပြဟောင်းဟာ စပါးစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလာပါက ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦး ဖြစ်ပါတယ်။

တဖက်တွင် စပါးစ်ဟာ ရောဘတ်တိုဒီဇာဘီရဲ့ စာချုပ်အတွင်းတွင် တန်းဆင်းရပါက လမ်းခွဲနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းရေး ဆွေးနွေးနေပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်ရာသီသိမ်းရန် ၇ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်နေတာပါ။

စပါးစ်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဧပြီလ ၁၂ ရက်နေ့တွင် ဆန်းဒါးလန်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းမတိုင်မီ ၂ ရက်တွင် ကစားရမယ့် ဝက်စ်ဟမ်းက ဝုဗ်ကိုသာ အနိုင်ယူလာပါက တန်းဆင်းဇုန်အတွင်း ကျရောက်လာမှာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့တုန်းက ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ်နှင့် လမ်းခွဲလိုက်ပြီးနောက် ရက်ပိုင်းအတွင်း နည်းပြသစ် ခန့်အပ်ရေး လုပ်ဆောင်လာခဲ့တာပါ။

၎င်းတို့ဟာ ယာယီနည်းပြ ခန့်အပ်လိုခြင်း မရှိမှုနှင့်အတူ ရောဘတ်တိုဒီဇာဘီကို ခန့်အပ်ရေး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ ဖေဖော်ဝါရီလတုန်းက သောမတ်စ်ဖရန့်ကို ထုတ်ပယ်လိုက်ပြီးနောက် ရောဘတ်တိုဒီဇာဘီကို ခန့်အပ်ရေး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ခရိုအေးရှားလူမျိုးနည်းပြအိုင်ဂေါ်ကျူဒေါ်ကိုသာ ခန့်အပ်ခဲ့တာပါ။

တဖက်တွင် စပါးစ်အမျိုးသမီးပရိသတ်များအုပ်စု ၃ ခုကလည်း ရောဘတ်တိုဒီဇာဘီမှာ မာဆေးကို ကိုင်တွယ်စဉ်တုန်းက တိုက်စစ်မှူးမေဆင်ဂရင်းဝုဒ်ကို ခေါ်ယူကာ အားပေးအားမြှောက်လုပ်မှုအတွက် မခန့်အပ်ရန် ကန့်ကွက်နေကြပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ၂၀၂၃ ခုနှစ်တုန်းက ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ အနာတရဖြစ်အောင် ပြုလုပ်မှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပေမယ့် အမှုမှ လွတ်မြောက်လာခဲ့သူပါ။

ဒီဇာဘီဟာ ၂၀၂၅ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုတွင် မေဆင်ဂရင်းဝုဒ်မှာ လူကောင်းတစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းနောက် စပါးစ်ပရိသတ်အဖွဲ့များဖြစ်ကြတဲ့ Proud Lilywhites၊ Women of the Lane နှင့် Spurs Reach တို့က ရောဘတ်တိုဒီဇာဘီအား မခန့်အပ်ရေး လုပ်ဆောင်ခဲ့ကြတာပါ။

စပါးစ်ဟာ ယခင်တုန်းက အန်တိုနီယိုကွန်တီနှင့် ဟိုဆေးမော်ရင်ဟိုတို့အား တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း၊ သောမတ်စ်ဖရန့်ကို တစ်နှစ်လုပ်ခပေါင် ၈ သန်းပေးခဲ့ဖူးပါတယ်။

image