13 ပတ် - ဘာသာပြန်ပါ။

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မကြုံစဖူး ဒရုန်းနှင့် ဆိုင်ဘာခြိမ်းခြောက်မှု ကြုံနေရကြောင်း အိမ်ဖြူတော် ကမ္ဘာ့ဖလားအထူးအဖွဲ့ဝန်ခံလာ
====================
ယခုနွေရာသီတွင် ကျင်းပလာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်စစ်ပွဲကြောင့် မကြုံစဖူး ဒရုန်းနှင့် ဆိုင်ဘာခြိမ်းခြောက်မှု ကြုံနေရကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ဖွင့်ဟလာပါတယ်။

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်စစ်ပွဲ အမြင့်မားဆုံးအခြေအနေသို့ ရောက်လာနိုင်မှုနှင့်အတူ ခြိမ်းခြောက်ခံနေရပါတယ်။

အိမ်ဖြူတော် ကမ္ယာ့ဖလားအထူးအဖွဲ့အကြီးအကဲ အင်ဒရူးဂူလီယန်နီက "တိုက်ခိုက်ရေးဒရုန်းတွေက ဘယ်လောက်အထိ နည်းပညာပိုင်း တိုးတက်ပြောင်းလဲနေတယ်ဆိုတာ ပြည်ပစစ်ပွဲအချို့မှာ မြင်ခဲ့ရပါတယ်"လို့ The Sun သို့ ပြောကြားသွားပါတယ်။

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ဟာ တစ်ကမ္ဘာ့ဖလားမှ ရောက်လာကြမယ့် ဘောလုံးပရိသတ်များ လုံခြုံရေးအတွက် အစွမ်းကုန်လုပ်ဆောင်မယ်လို့ ဆိုထားကြပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထဲရေးလုံခြုံရေးဌာနရဲ့ ဘတ်ဂျက်မှာ ရွှေ့ပြောင်းနေထိုင်သူများအရေးကြောင့် နိုင်ငံရေးသဘောထားတင်းမာမှုများ ဖြစ်ပွားမှုနှင့်အတူ ရပ်ဆိုင်းခံထားရပါတယ်။

တဖက်တွင် ဂူလီယန်နီက ဒီမိုကရက်တစ်နှင့် ရီပတ်ပလစ်ကန်နိုင်ငံရေးသမားများအား နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ်အတွက် ခွင့်ပြုချက်ပေးကြရန် တောင်းဆိုသွားပါတယ်။

ဒါ့အပြင် ဂူလီယန်နီက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့ အီရန်ကို ကမ္ဘာ့ဖလားကစားရန် ကြိုဆိုကြောင်း၊ သို့ရာတွင် အီရန်ရဲ့ တာဝန်ရှိသူများနှင့် ခေါင်းဆောင်များကိုမူ လုံခြုံရေးအရ လာကြည့်ခွင့်ပေးမည်မဟုတ်ကြောင်း ဆိုထားပါတယ်။

တဖက်တွင် ပရိသတ်များဟာ အမေရိကန်သို့ ရောက်လာချိန်တွင် တင်းကြပ်တဲ့ လုံခြုံရေးစစ်ဆေးမှု၊ ဗီဇာစစ်ဆေးမှုတို့နှင့် ကြုံလာရပါမယ်။

ဒါပေမယ့် အိမ်ဖြူတော်ကတော့ အကာအကွယ်တိုးမြှင့်လုပ်ဆောင်မှုမှာ ပရိသတ်များလုံခြုံရေးအတွက်သာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

image