13 ပတ် - ဘာသာပြန်ပါ။

ယူရို ၂၀၂၈ လက်မှတ်ဈေးနှုန်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားကားပါကင်ကြေးထက် သက်သာလာမည်
======================
ယူအီးအက်ဖ်အေဟာ ယူရို ၂၀၂၈ လက်မှတ်ဈေးနှုန်းကို လျှော့ချလာမှာ ဖြစ်လို့ ပရိသတ်များအနေဖြင့် ယခုနှစ် အမေရိကန်တွင် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းတစ်ကွင်းမှာ ကားပါကင်ကြေးထက် နည်းပါးတဲ့ ပမာဏဖြင့် ဝယ်ယူလာနိုင်ပါမယ်။

ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်နှင့် ဝေးလ်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး လက်မှတ်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို Fans First အစီအစဉ်ဖြင့် သက်သာတဲ့ နှုန်းထားဖြင့် ရောင်းချလာပါမယ်။

ဂျာမနီတွင် ကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက ဈေးအသက်သာဆုံး လက်မှတ်ဈေးနှုန်းကို ယူရို ၃၀ မှ ယူရို ၆၀ အတွင်း သတ်မှတ်ရောင်းချခဲ့ပြီး ယူအီးအက်ဖ်အေဟာ ယင်းဈေးနုန်းကို ပြောင်းလာလာမှာ မဟုတ်ပါဘူး။

ယူအီးအက်ဖ်အေဟာ လက်မှတ်များကို အမျိုးအစား ၄ မျိုးဖြင့် ရောင်းချလာမှာ ဖြစ်ပြီး အရေအတွက် အနည်းငယ်သာ ရောင်းချတဲ့ VIP+ tickets လက်မှတ်အမျိုးအစားကိုလည်း ဈေးလျှော့လာပါမယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အုပ်စုပွဲများကို တန်ဖိုးအကြီးဆုံးအမျိုးအစားအဖြစ် ယူရို ၁၅၀ မှ ယူရို ၂၀၀ အတွင်း သတ်မှတ်ရောင်းချခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ တန်ဖိုးအကြီးဆုံးလက်မှတ်ကို ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဘယ်လိုဈေးနှုန်းဖြင့် ရောင်းချလာမလဲဆိုတာကိုတော့ အတည်မပြုသေးပါဘူး။

တဖက်တွင် ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်ဈေးနှုန်းအား အငြင်းပွားစရာကောင်းအောင် တိုးမြှင့် ရောင်းချနေပါတယ်။

တန်ဖိုးအနည်းဆုံးလက်မှတ်ဈေးနှုန်းက ဒေါ်လာ ၂၂၀ ဖြစ်ပြီး တန်ဖိုးအကြီးဆုံးအဖြစ် ဒေါ်လာ ၇၀၀ အထိ သတ်မှတ်ထားပါတယ်။

တဖက်တွင် The Athletic ရဲ့ ဖော်ပြလာမှုအရ နယူးယော့ခ်အနီး MetLife Stadium တွင် ကစားမယ့် ကမ္ဘာ့ဖလားအုပ်စုပွဲများတွင် ကားပါကင်ကြေး ၁၇၅ ဒေါ်လာအထိ ကျသင့်လာပါမယ်။

ယူအီးအက်ဖ်အေဟာ ယူရို ၂၀၂၈ ပြိုင်ပွဲတွင် နိုင်ငံတစ်ခုချင်းစီအား လက်မှတ်ခွဲတမ်း ၁၀၀၀၀ ပေးသွားပါမယ်။

ဖီဖာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုမိုကြီးမားတဲ့ ကွင်းများမှာ ကျင်းပနေပေမယ့်လည်း ဘောလုံးအဖွဲ့ချုပ်များအား လက်မှတ်ခွဲတမ်း ၄၀၀၀ အောက်သာပေးပါတယ်။

image