အီရန်က ကူဝိတ်ရှိရေနှင့်ဓာတ်အားပေးစက်ရုံများကို ပ-စ်မှတ်ထားတို-က်ခိုက်
မတ်လ ၂၉ ရက်
အရှေ့အလယ်ပိုင်းပဋိပက္ခသည် ငါးပတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အီရန်ရေနံကို သိမ်းပိုက်နိုင်သည်” ဟု ပြောကြားလိုက်ပြီး အီရန်၏ အဓိက ရေနံတင်ပို့ရာ ခတ်ကျွန်းကို သိမ်းယူရန် သတိပေးလိုက်ကြောင်း သိရသည်။
ယခုနှစ်အစောပိုင်းက ဗင်နီဇွဲလားခေါင်းဆောင် နစ်ကလပ်စ်မာဒူရိုကို ဖမ်းဆီးပြီးနောက် ၎င်းနိုင်ငံ၏ ရေနံလုပ်ငန်းကို အမေရိကန်က ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည့် စစ်ဆင်ရေးနှင့် နှိုင်းယှဉ်ကာ “ရေနံကို သိမ်းပိုက်ဖို့ ပိုပြီးဆန္ဒရှိပါတယ်” ဟု ထရမ့်က ဖိုင်နန်ရှယ်တိုင်းမ်စ်သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဤအတောအတွင်း အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ပဋိပက္ခကြောင့် စွမ်းအင်နှင့် အခြေခံအဆောက်အဦးများအပေါ် အန္တရာယ်ပိုမိုမြင့်တက်လာကာ ရေနံစိမ်းဈေးနှုန်းများလည်း ထိုးတက်သွားခဲ့သည်။ အာရှဈေးကွက် အစောပိုင်းဖွင့်ချိန်တွင် ဘရန့်ရေနံစိမ်း ဈေးနှုန်းမှာ ၂.၉၂ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၁၅.၈၆ ဒေါ်လာအထိ ရှိလာပြီး၊ အမေရိကန် ရေနံစိမ်း မှာလည်း ၃.၂၀ ရာခိုင်နှုန်း မြင့်တက်ကာ ၁၀၂.၈၀ ဒေါ်လာသို့ ရောက်ရှိသွားသည်။
စစ်ရေးအရှိန် မြင့်တက်လာသည့် လက္ခဏာအဖြစ် ဒေသတွင်းရှိ အရေးကြီးသော အခြေခံအဆောက်အဦးများ တို-က်ခိုက်ခံနေရလျက်ရှိပြီး ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပင်လယ်ရေချိုထုတ်လုပ်သည့်စက်ရုံ ၏ ဝန်ဆောင်မှုအဆောက်အအုံတစ်ခုမှာ တနင်္ဂနွေနေ့ညနေပိုင်းက တို-က်ခိုက်ခံခဲ့ရကာ အိန္ဒိယနိုင်ငံသား အလုပ်သမားတစ်ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုမှာ အီရန်၏ ကျူးကျော်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကူဝိတ်အစိုးရက ဖော်ပြထားသည်။
ပင်လယ်အော်ဒေသရှိ ပင်လယ်ရေချိုထုတ်လုပ်သည့် စက်ရုံများသည် ဒေသတွင်း သောက်သုံးရေ အများစုကို ထောက်ပံ့ပေးနေသဖြင့် ယင်းတို့ကို ပ-စ်မှတ်ထားခြင်းမှာ အလွန်ထိခိုက်လွယ်သော ကိစ္စဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်နှင့် မဟာမိတ်ဖြစ်သော ဟူသီ လက်နက်ကိုင်များကလည်း အစ္စရေးရှိ စစ်ရေးအရ အရေးပါသော နေရာများကို ပ-စ်မှတ်ထား၍ ပထမဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည်များဖြင့် ပ-စ်ခတ်တို-က်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။
Ref: စီအင်န်ဘီစီ