ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ပြည်လမ်းကြားတွင် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ပြည်လမ်းကြားတွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သိရသည်။
အဆိုပါ နေရာ၌ မဏ္ဍပ်များတည်ဆောက်ထားရှိမှုတွင် (၉၅)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲသည် ပြည်သူများ သင်္ကြန်ယဉ်ကျေးမှုကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ခံစားနိုင်စေရန် ရည်ရွယ်၍ စီစဉ်ထားခြင်းဖြစ်သည်။
ထိုနေရာတွင် ယာဉ်အသွားအလာများကို ကန့်သတ်သွားမည်ဖြစ်ပြီး၊ လမ်းလျှောက်သွားလာသူများအတွက် အဆင်ပြေစေရန် စီမံကိန်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာကြပြီး အန္တရာယ်ကင်းရှင်းစွာ ပါဝင်ကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများက တိုက်တွန်းထားသည်။