1 ရက် - ဘာသာပြန်ပါ။

ဇနီး၊ သားတို့နှင့်အတူ ကွန်ဂိုဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖမ်းဆီးထောင်ချခံရမှုအား ဖီဖာ စုံစမ်းစစ်ဆေးနေ
==================
ဖီဖာဟာ ကွန်ဂိုသမ္မတနိုင်ငံ(ဘရာဇာဗီးလ်)ဘောလုံးအဖွဲ့ချုပ်မှ စီနီယာအဖွဲ့ဝင် သုံးဦးအမှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်လာပါတယ်။

၎င်းတို့နှင့်အတူ ကွန်ဂိုသမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂျိန်းဂိုင်းမာယိုလက်စ်မှာလည်း ဇနီး၊ သားတို့နှင့်အတူ ဖီဖာမှ ပေးအပ်ထားတဲ့ ငွေများကို အလွဲသုံးစားလုပ်မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်မှုကိုလည်း စုံစမ်းစစ်ဆေးလာပါတယ်။

လက်ရှိအချိန်တွင် မာယိုလက်စ်နှင့် မိသားစုဝင်များကို မျက်ကွယ်တွင် ရုံးတင်စစ်ဆေးမှု ပြုလုပ်နေပြီး ၎င်းတို့ရဲ့ တည်နေရာကို မသိရသေးပါဘူး။

ဘရာဇာဗီးလ်ရာဇဝတ်မှုတရားရုံးက မာယိုလက်စ်နှင့်အတူ အထွေထွေအတွင်းရေးမှူးဝန်တီတီဘက်ဂျီ၊ ဘဏ္ဍာရေးမှူးရာအူးလ်ကန်ဒါတို့မှာ စာရွက်စာတမ်းအတုများ ပြုလုပ်ကာ ငွေမည်းခဝါချမှု ပြုလုပ်ကြောင်း တွေ့ရှိထားရပါတယ်။

ဘက်ဂျီနှင့် ကန်ဒါတို့မှာ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံထားရပါတယ်။

တဖက်တွင် ဖီဖာကလည်း ယင်းဘရာဇာဗီးလ်ဘောလုံးအဖွဲ့ချုပ်ဝင် သုံးဦးတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ မလျော်မကန် လုပ်ဆောင်မှုများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပါတယ်။

ဘရာဇာဗီးလ်ရာဇဝတ်တရားရုံးက ဖီဖာက လေ့ကျင့်ရေးစင်တာနှင့် အမျိုးသမီးဘောလုံးလောကတိုးတက်ရေးနှင့် အတူ ကိုဗစ်မှ နလန်ထူရေး ထောက်ပံ့ထားတဲ့ ဒေါ်လာ ၁.၃ သန်းကို မလျော်မကန် အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။

မာယိုလက်စ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ဘရာဇာဗီးလ်ဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌအဖြစ် ဆောင်ရွက်စဉ်တုန်းက လက်ဆောင်ပေးကာ အခွင့်အရေး ရယူတယ်ဆိုပြီး ၆ လပွဲပယ်ခံရဖူးသူ ဖြစ်ပါတယ်။

တဖက်တွင် ဖီဖာဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ရီလကတည်းက မာယိုလက်စ်ကို အစိုးရဘက်က တဖက်သတ် ရာထူးမှ ဖြုတ်ချမှုအတွက် နိုင်ငံတကာပွဲကစားခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် ဘရာဇာဗီးလ်ဟာ ဇမ်ဘီယာ၊ တန်ဇာနီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအား ၃-၀ ဖြင့် အရှုံးပေးခဲ့ရပါတယ်။

ယင်းနောက် မေလမှာတော့ ဖီဖာဟာ ဘောလုံးအဖွဲ့ချုပ်အား အစိုးရ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ပြန်လည် ရပ်တည်လာမှုနှင့်အတူ ပွဲပယ်အား ဖယ်ရှားခဲ့ပါတယ်။

image