ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်၍ သူရဲကောင်းဗိ မာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချအလေးပြု
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား) ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်၍ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချအလေးပြုခဲ့ကြပြီးနောက် သူရဲကောင်းဗိမာန်(နေပြည်တော်)အတွင်းကြည့်ရှုခဲ့ကြသည်။
သူရဲကောင်းစစ်သည်ဗိမာန်(နေပြည်တော်)ကို နိုင်ငံ တော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်စွန့်လွှတ်ခဲ့ရသည့် မြန်မာသူရဲကောင်းများကိုဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာကြိုးစားအားထုတ်မှုများပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကိုဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့် စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များရှင်သန်ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ၂၀၁၇ ခုနှစ်၊ မတ် ၂၇ ရက်ကဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဗိမာန်အတွင်းနံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ သူရဘွဲ့ရရှိခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူများ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌ ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားပြီး ဗိမာန်အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည်(၅)ဦးနှင့် အရပ်သား(၁)ဦးတို့၏ ပုံတူများကိုဂုဏ်ပြုစိုက်ထူထားသည်။