နီပေါနိုင်ငံ၏ (၄၃)ဦးမြောက်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာဆို

မြန်မာသံအမတ်ကြီးတက်ရောက်၍ မြန်မာ-နီပေါနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်မည်ဖြစ်ဟု ကတိပြုပြောကြား

နီပေါနိုင်ငံဝန်ကြီးချုပ်သစ် Right Honourable Mr. Balendra Shah ၏ကျမ်းသစ္စာဆိုခြင်းအခမ်းအနားကို သမ္မတအိမ်တော်၌ မတ် ၂၇ ရက်ကကျင်းပရာ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်သည် နီပေါနိုင် ငံအစိုးရ၏ဖိတ်ကြားချက်အရတက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်သစ် Right Honourable Mr. Balendra Shah မှ နီပေါနိုင်ငံသမ္မတ Right Honourable Ram Chandra Paudel ရှေ့မှောက်တွင် နီပေါနိုင်ငံ၏ (၄၃) ဦးမြောက်ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာဆိုခဲ့သည်။

အခမ်းအနားအပြီးတွင် မြန်မာသံအမတ်ကြီးသည် ဝန်ကြီးချုပ်သစ်နှင့်တွေ့ဆုံနှုတ်ဆက်၍ ဝမ်းမြောက် ကြောင်းဂုဏ်ပြုစကားပြောကြားပြီး မြန်မာ-နီပေါနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

image