Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများရောင်း ချမှု Online Monitoring Center ဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေ

Bar Code/ QR Code စနစ်ဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများရောင်းချမှုများကို နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ တိုင်း/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များကိုမြေပြင်ကွင်းဆင်း၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စက်သုံးဆီဝယ်ယူရာတွင်အခက်အခဲများရှိပါက တိုင်ကြားနိုင်ကာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီဖြေရှင်းပေးနိုင်ရန် Call Center ဖွင့်လှစ်ထားပြီး နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုမှုများကို Call Center ဖုန်းနံပတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့သို့ ဆက်သွယ်တိုင်းကြားနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code စနစ်ဖြင့် ယာဉ်၏ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို ရန်ကုန်၊ နေပြည် တော်၊ မန္တလေးနှင့် တောင်ကြီးတို့၌ မတ် ၂၇ ရက်မှစ တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများရောင်းချနေမှုကို Online Monitoring Center ဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေခြင်းအား စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်နိုင်ဝင်းမှ မတ် ၂၇ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image