ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ သဝဏ်လွှာပေးပို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီထံ တရုတ်၊ ရုရှားနှင့်ဘယ်လာရုစ် နိုင်ငံတို့မှ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ထို သဝဏ်လွှာများကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ဖြစ်သည့် ယနေ့ (မတ် ၂၆) ၌ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ပေးပို့မှုများတွင် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး အပါအဝင် လွှတ်တော်၊ ပါတီနှင့် အဖွဲ့အစည်း ၅ခု၊ ရုရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင်မူ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ဦး အနက် (၃၇၀) ဦး တက်ရောက်ခဲ့ကြသည်။