ကျိုက္ကစံစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့အား ရွှေပန္နက်ချစတင်ကပ်လှူပူဇော်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ရွှေစင်ရွှေပြား၊ ရွှေ မျက်ပါးတို့အား ရွှေပန္နက်ချစတင်ကပ်လှူပူဇော်ခြင်းတို့ကို ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အားရောင်တော်ဖွင့်ပူဇော်ပြီး ရွှေစင်ရွှေပြားများအား ရွှေပန္နက်ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားကပ်လှူပူဇော်ရန် အလှူငွေများပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

image