6 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးသို့ မပြောင်းမီ ရက်အနည်းငယ်အလိုတွင် ယာဉ်အမြန်မောင်းမှုကြောင့် ဒဏ်ရိုက်ခြင်းခံလာရတဲ့ ဂါနာချို
=====================
အလီဂျန်ဒရိုဂါနာချိုဟာ ချဲလ်ဆီးသို့ ပေါင်သန်း ၄၀ ဖြင့် မပြောင်းရွှေ့မီ ရက်အနည်းငယ်အလိုတွင် ယူနိုက်တက်လေ့ကျင့်ရေးကွင်းမှ အပြန်တွင် ယာဉ်အမြန်မောင်းမှုကြောင့် အရေးယူခြင်းခံလာရပါတယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၃၀ ရက်နေ့တုန်းက ချဲလ်ဆီးသို့‌ ပေါင်သန်း ၄၀ ဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။

သူဟာ စပါးစ်အား ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အရန်ခုံတွင် ထိုင်နေခဲ့ရမှုအပေါ် ဝေဖန်မှု ပြုလုပ်ပြီးနောက် ရူဘင်အမိုရမ်ရဲ့ အသင်းသစ် ရှာဖွေရန် ပြောဆိုခြင်းခံရကာ ပထမအသင်းနှင့် အတူ လေ့ကျင့်ခန်းဆင်းခွင့် မရခဲ့ပါဘူး။

ဂါနာချိုဟာ ချဲလ်ဆီးသို့ မပြောင်းမီ ၄ ရက်အလိုတွင် သူ့ရဲ့ Audi RS3 ကားဖြင့် ယူနိုက်တက်ရဲ့ကာရန်တန်လေ့ကျင့်ရေးကွင်းအနီးတွင် တစ်နာရီမိုင် ၄၀ သာ‌ မောင်းနှင်ရမယ့်ဧရိယာတွင် တစ်နာရီ မိုင် ၅၀ အထိ မောင်းနှင်ခဲ့ပါတယ်။

သူဟာ ဩဂုတ်လ ၂၆ ရက်နေ့တွင် ညနေ ၅ နာရီ ၅၁ မိနစ်အချိန်တွင် ယူနိုက်တက်လေ့ကျင့်ရေးကွင်းဝင်ပေါက်အနီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဂါနာချိုဟာ တရားရုံးစစ်ဆေးမှုသို့ ကိုယ်တိုင်မတက်ရောက်ခဲ့ပေမယ့် ရှေ့နေမှ တဆင့် တောင်းပန်မှု ပြုလုပ်သွားပါတယ်။

ဂါနာချိုဟာ အောက်တိုဘာလတုန်းက ယင်းကားအား မည်သူမောင်းနှင်သလဲဆိုတာ မေးမြန်းအကြောင်းကြားစာအား ပြန်လည်တုံ့ပြန်ရန်လည်း ပျက်ကွက်ခဲ့ပါတယ်။

ဂါနာချိုဟာ ယင်းအမှုများအတွက် ပေါင် ၆၆၀ ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့အပြင် တရားရုံးစရိတ် ပေါင် ၁၂၀ ၊ ထပ်ဆောင်းဒဏ်ငွေ ပေါင် ၂၆၄ ချမှတ်ခြင်းခံခဲ့ရသလို လိုင်စင်မှ ၃ ပွိုင့်လျှော့ချခြင်းခံခဲ့ရပါတယ်။

ဂါနာချိုဟာ ယူနိုက်တက်အကယ်ဒမီမှ ထွက်ပေါ်လာပြီးနောက် ၁၄၄ ပွဲကစားခဲ့ရာမှာ ၂၆ ဂိုးသွင်းကာ ၂၂ ကြိမ် ဖန်တီးခဲ့ပါတယ်။

သူဟာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၇ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးထားပါတယ်။

image