စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ကန်ဒေါ်လာ(၂၆)သန်းရောင်းချပေး
ပြည်ပမှ စက်သုံးဆီပိုမိုတင်သွင်းနိုင်ရေးအတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ(၂၆)သန်းကို မတ် ၂၅ ရက်က ထပ်မံရောင်းချပေးခဲ့ကြောင် သိရသည်။
ထို့ပြင် မတ် ၂၃ ရက်ကလည်း စက်သုံးဆီစျေးကွက်လိုအပ်ချက်အား အပြည့်အဝပံ့ပိုးပေးနိုင်ရေးအတွက် စက်သုံးဆီလုပ်ငန်းရှင်များအား ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ(၄၅)သန်းကို သက်ဆိုင်ရာဘဏ်များမှတစ်ဆင့်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၁ ရက်က ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ မတ်လအတွင်း၌ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ(၉၆)သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။