6 နာရီ - ဘာသာပြန်ပါ။

မင်္ဂလာဒုံစက်မှုဇုန်တွင်မီးလေ-ာင်မှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစက်မှုဇုန်၌ ယနေ့ မတ် ၂၆ ရက်နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၏ မင်္ဂလာဒုံစက်မှုဇုန်ဝန်းအတွင်းရှိ စက်ရုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းနှင့် ထိစပ်နယ် မြေအသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့များနှင့်အတူ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလေ-ာင်အားများသဖြင့်နံနက် ၁၂ နာရီ ၁၅ မိနစ်တွင် Level 1 အဆင့်၊ နံ နက် ၁၂ နာရီ ၅၀ မိနစ်တွင် Level 2 အဆင့်တို့ဖြင့်ဆက် လက်ငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၂ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီ ၃၃ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo- MFSD / YRO

image