DEMU ရထား နေ့စဉ် အစုန်/အဆန်(၃)စင်းဖြင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် မတ် ၂၆ ရက်မှစတင်၍ ပုံမှန်ပြေးဆွဲပေးမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီး ရထားမှ ခရီးသွားများ ပိုမိုအဆင်ပြေစွာသွားလာနိုင်ရန် ရန်ကုန်-နေပြည်တော် အသွားအပြန်ခရီးစဉ်များအား အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် ရထားများအ ဖြစ် မနက်ဖြန် မတ် ၂၆ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၃၁)အဆန်သည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီခွဲ၊ အမှတ်(၃၃)အဆန်သည် ရန်ကုန်ဘူတာကြီးမှ နံနက် ၁၀ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နေ့လည် ၃ နာရီခွဲ၊ အမှတ်(၇)အဆန်သည် ရန်ကုန်ဘူတာကြီးမှ မွန်းတည့် ၁၂ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ ညနေ ၅ နာရီခွဲတို့တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ်(၃၂)အစုန်သည် နေပြည်တော်ဘူတာမှ နံနက် ၆ နာရီတွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၁၁ နာရီခွဲ၊ အမှတ်(၃၄)အစုန်သည် နေပြည်တော်ဘူတာမှ နံနက် ၁၀ နာရီတွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နေ့လည် ၃ နာရီခွဲ၊ အမှတ်(၈)အစုန်သည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီခွဲတို့၌ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲမည့် ရထားများအတွက် ရထားလက်မှတ်များအား သက်ဆိုင်ရာဘူတာများတွင် ဝယ် ယူရရှိနိုင်ကာ Online Railways Ticketing and Payment (ORTP)စနစ်ဖြင့်ဝယ်ယူနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် မတ် ၂၆ ရက်တွင် အမှတ်(၃၃)အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားစတင်ပြေးဆွဲပေးမည်ဖြစ်ကာ မတ် ၂၇ ရက်မှစ၍ ရထားအား လုံး ဖော်ပြထားသည့် ရထားအချိန်ဇယားအတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image