အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ဘော်လခဲမြို့ကိုဗဟိုပြုလှုပ်ခတ်
အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မတ် ၂၅ ရက်ညနေပိုင်းက ဘောလခဲမြို့ကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ညနေ ၅ နာရီ ၅၂ မိနစ် ၃၆ စက္ကန့်က ဘော်လခဲမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီ လိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသ မ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။