3 ပတ် - ဘာသာပြန်ပါ။

မေဂျာလိဂ်ကလပ် အော်လန်ဒိုသို့ ပြောင်းရွှေ့လာတော့မယ့် အက်သလက်တီကိုစတားဂရက်ဇ်မန်း
==================
အန်တိုနီဂရက်ဇ်မန်းဟာ နွေရာသီတွင် အက်သလက်တီကိုမှ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ပြင်သစ်စတားဟောင်းဟာ အက်သလက်တီကိုတွင် ဒုတိယအကြိမ်မြောက် ကစားနေတာ ဖြစ်ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်နေသူလည်း ဖြစ်ပါတယ်။

ဆိုစီဒက်၊ ဘာစီလိုနာတို့တွင်လည်း ကစားခဲ့တဲ့ ဂရက်ဇ်မန်းဟာ အက်သလက်တီကိုအတွက် ဂိုး၃၀၀ နီးပါးသွင်းထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကလပ်ရဲ့ ခွင့်ပြုချက်ဖြင့် ခရီးထွက်ကာ အော်လန်ဒိုစီးတီးနှင့် စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဂရက်ဇ်မန်းက "ကစားသမားဘဝ စာမျက်နှာသစ်ဖွင့်လှစ်ရမှာ ဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကလပ်နဲ့ ပထမဆွေနွေးမှုပြုလုပ်ကတည်းက ကလပ်ရဲ့ သန်မာတဲ့ ရည်မှန်းချက်နဲ့ အနာဂတ်မြင်ကွင်းကို ခံစားခဲ့ရတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းအရေးပါတယ်။ အော်လန်ဒိုကို အိမ်သစ်လုပ်ဖို့ စိတ်လှုပ်ရှားနေပါပြီ"လို့ ပြောကြားသွားပါတယ်။

ဂရက်ဇ်မန်းဟာ ပြင်သစ်အတွက် ၁၃၇ ပွဲကစားကာ ၄၄ ဂိုးသွင်းယူပြီး ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ကာ ၂၀၂၄ ခုနှစ်တုန်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

သူဟာ ဇူလိုင်လတွင် ဖလိုရီဒါသို့ ပြောင်းရွှေ့လာမှာ ဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ ကစားမယ့် စာချုပ်အား ချုပ်ဆိုထားပါတယ်။

image