3 ပတ် - ဘာသာပြန်ပါ။

လာမယ့်နှစ်ပတ်တွင် အနာဂတ်ကို ဆုံးဖြတ်လာမယ့် ဘုန်းမောက်နည်းပြအိုင်ရာအိုလာ
==================
ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာဟာ လာမယ့်နှစ်ပတ်တွင် အနာဂတ်ကို ဆုံးဖြတ်လာတော့မှာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ယခုရာသီအကုန်တွင် ဘုန်းမောက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပါတယ်။

ဒါပေမယ့် အိုင်ရာအိုလာဟာ ခရစ္စတယ်ပဲလေ့စ်အပြင် အသင်းဟောင်းဘီလ်ဘာအိုရဲ့ စိတ်ဝင်စားခြင်းခံနေရမှုနှင့်အတူ စာချုပ်သစ်မချုပ်ဆိုသေးဘဲ အနာဂတ်နှင့်ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီအကုန်တွင် ထွက်ခွာမယ့် အိုလီဗာဂလပ်စ်နာရဲ့ နေရာတွင် အိုင်ရာအိုလာကို အစားထိုးခန့်အပ်လိုနေပါတယ်။ ဘီလ်ဘာအိုကလည်း ရာသီအကုန်တွင် ဗယ်ဗာဒီနှင့်လမ်းခွဲကာ အိုင်ရာအိုလာနှင့် အစားထိုးလိုနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ၎င်းတို့ရဲ့ စီမံကိန်းအား အိုင်ရာအိုလာရဲ့ အေးဂျင့်များကို အသတိပေးထားကာ စိတ်ဝင်စားခြင်းရှိ/မရှိ စောင့်ဆိုင်းနေပါတယ်။

တဖက်တွင် ပဲလေ့စ်ဟာ အိုင်ရာအိုလာအား ခန့်အပ်ရေး အောင်မြင်လာခြင်း မရှိပါက ရှောင်ဒိုက်ချီအား ခန့်အပ်ရန် စိတ်ဝင်စားနေပါတယ်။

image