3 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်လည်း ရိုဆင်နီယာနှင့် ဆက်လက် လက်တွဲလာမယ့် ချဲလ်ဆီး
====================
ချဲလ်ဆီးဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါကလည်း နည်းပြလီယမ်ရိုဆင်နီယာနှင့် ဆက်လက် လက်တွဲသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ရိုဆင်နီယာဟာ လေးပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် အနာဂတ်မရေမရာ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းတာဝန်ရှိသူများဟာ နောက်ထပ် နည်းပြအပြောင်းအလဲ အလျှင်စလို ပြုလုပ်ရန် ဆန္ဒမရှိပါဘူး။

အစောပိုင်းတုန်းက ချဲလ်ဆီးတာဝန်ရှိသူများဟာ နွေရာသီမှာမှ ရာသီအား ပြန်လည်သုံးသပ်ကာ ရိုဆင်နီယာရဲ့ အနာဂတ်ကို ဆုံးဖြတ်လာမှာ ဖြစ်ကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပါကလည်း နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရပါတယ်။

ဇန်နဝါရီလတုန်းက အန်ဇိုမာရက်စ်ကာနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ ရိုဆင်နီယာဟာ ချဲလ်ဆီးနှင့် ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုထားတဲ့အပြင် ယင်းစာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားသူပါ။

ရိုဆင်နီယာရဲ့ ယခုရာသီ အဓိကပစ်မှတ်က အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးကို ချန်ပီယံလိဂ်ဝင်ခွင့် မရရှိရေး ဖြစ်ပါတယ်။

ရိုဆင်နီယာဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် မစွမ်းဆောင်လာနိုင်ပါက ဝေဖန်မှုများနှင့် ရင်ဆိုင်ရဖို့ ရှိပေမယ့် ရာသီတစ်ဝက်တွင်မှ အသင်းအား ကိုင်တွယ်လာရမှုနှင့်အတူ အသင်းတာဝန်ရှိသူများရဲ့ နားလည်ပေးမှု ရရှိထားပါတယ်။

တဖက်တွင် ရိုဆင်နီယာဟာ လာမယ့်နွေရာသီတွင် ကစားသမားခေါ်ယူအားဖြည့်ရေးနှင့် ပတ်သက်ပြီး အသင်းတာဝန်ရှိသူများနှင့် စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီတွင် ခံစစ်အား အဓိကထားအားဖြည့်လာရှိနေပါတယ်။

ချဲလ်ဆီးဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပေါ့ဗေးလ်နှင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ကစားရပါမယ်။

image