2 ရက် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်တဲ့ ဝက်စ်ဟမ်းနှင့်ပွဲအား အာဆင်နယ်ပရိသတ်များ အသည်းအသန်ဝယ်ယူရန် ကြိုးပမ်းမှုကြောင့် ဝက်စ်ဟမ်းတားဆီးလာရ
====================
ဝက်စ်ဟမ်းဟာ အာဆင်နယ်ပရိသတ်များဘက်က ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာနိုင်တဲ့ ၎င်းတို့နှင့် ရင်ဆိုင်ရမယ့်ပွဲ လက်မှတ်များအား ဝယ်ယူရေး အသည်းအသန်ကြိုးပမ်းလာမှုကို တားဆီးမှု ပြုလုပ်လာရပါတယ်။

ဝက်စ်ဟမ်းဟာ မေလ ၉ ရက်နေ့တွင် အာဆင်နယ်အား ဧည့်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲမှာ အာဆင်နယ်အတွက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်မယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား ဒုတိယနေရာမှ မန်စီးတီးကို ၉ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် လေးပွဲတွင် ရလဒ်ကောင်းအား ဆက်လက်ထိန်းထားနိုင်မည်ဆိုပါက ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ရမယ့် အ‌ရှေ့လန်ဒန်ပွဲစဉ်မှာ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်တဲ့ ပွဲ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်များဟာ ဝက်စ်ဟမ်းနှင့်ပွဲလက်မှတ်အား ဝယ်ယူရေး အသည်းအသန်ကြိုးပမ်းနေကြပါတယ်။

အာဆင်နယ်ပရိသတ်အချို့တို့ဟာ အိမ်ရှင်ဝက်စ်ဟမ်းပရိသတ်ပွဲကြည့်စင်မှ လက်မှတ်များကိုပါ ဝယ်ယူလာနေကြပါတယ်။

ဒါကြောင့်လည်း ဝက်စ်ဟမ်းဟာ လက်မှတ်ဝယ်ယူသူအား ဝက်စ်ဟမ်းဝတ်စုံဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သက်သေအဖြစ် ပြသနိုင်မှသာလျှင် ရောင်းချပြီး တားဆီးလာရပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းက ၎င်းတို့ အမှတ်တရပစ္စည်းမှာလည်း ၂၀၂၆ ခုနှစ်မတိုင်မီ ထုတ်လုပ်ထားတဲ့ ပစ္စည်းဖြင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။

ဝက်စ်ဟမ်းဟာ ယင်းသို့ ကန့်သတ်မှုအား အသင်းရဲ့အိမ်ကွင်းပွဲအား ပထမဆုံးဝယ်ယူတဲ့သူများကိုသာ ကန့်သတ်လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ အသင်းရဲ့ ပွဲအား ပထမဆုံးဝယ်ယူသူထံသို့ အီးမေးလ်ပေးပို့ အကြောင်းကြားမှု ပြုလုပ်ထားတာပါ။

တဖက်တွင် ဝက်စ်ဟမ်းကိုယ်တိုင်ကလည်း တန်းမဆင်းရရေး တိုက်ပွဲဝင်နေရာ အိမ်ရှင်ပွဲကြည့်စင်တွင် အာဆင်နယ်ပရိသတ်များ လာရောက်ကြည့်ရှုတာမျိုး မလိုချင်ပါဘူး။

ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

image