2 ရက် - ဘာသာပြန်ပါ။

ဆီနီဂေါရဲ့ အာဖရိကချန်ပီယံဘွဲ့အသိမ်းခံရမှုအယူခံအား အမြန်ဆုံးကြားနာ စစ်ဆေးလာမယ့် အားကစားသမာဓိခုံရုံး
=======================
အားကစားသမာဓိခုံရုံးက ဆီနီဂေါရဲ့ အာဖရိကချန်ပီယံဘွဲ့ ရုတ်သိမ်းခံရမှု အယူခံအား အမြန်ဆုံးကြားနာစစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။

ဆီနီဂေါဟာ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက ဗိုလ်လုပွဲတွင် မော်ရိုကိုအား ၁-၀ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပေမယ့် ၃-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရပါတယ်။

ယင်းပွဲတွင် ဆီနီဂေါကစားသမားများဟာ အချိန်ပိုတွင် ပင်နယ်တီပေးမှုအား ကန့်ကွက်တဲ့အနေဖြင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ပြီး ပွဲကို ၁၇ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပြီးနောက် ကွင်းအတွင်း ပြန်လာကစားကာ ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

ယင်းနောက် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က အယူခံဝင်ခဲ့ရာ အာဖရိကဘောလုံးအဖွဲ့ချုပ်အယူခံကော်မတီက ဆီနီဂေါမှာ ခွင့်ပြုချက်မရှိဘဲ ကွင်းအတွင်းမှ ထွက်ခွာသားမှုနှင့်အတူ ၃-၀ ဖြင့် အရှုံးပေးစေခဲ့ပါတယ်။

ဆီနီဂေါက ယင်းဆုံးဖြတ်ချက်အား မကျေမနပ်ဖြစ်ကာ အယူခံဝင်ထားပါတယ်။

အားကစားသမာဓိခုံရုံးက ဆီနီဂေါရဲ့ အယူခံအား ကြားနာဆုံးဖြတ်ရေး ရက်သတ်မှတ်ရခြင်း မရှိသေးပေမယ့်လည်း အမြန်ဆုံးကြားနာစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ကြေညာလာပါတယ်။

image