အသက် ၂၀ နှစ်အရွယ် ပါရမီရှင်ဂိုးသမားလေး ပစ်သတ်ခံရ
====================
ပါရမီရှင်ဂိုးသမားဟူဂိုမော့စ်ဟာဂန်ဟာ အသက် ၂၀ နှစ်အရွယ်မှာဘဲ ဆွီဒင်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

မော့စ်ဟာဂန်ဟာ ဆွီဒင်စတုတ္ထတန်းကလပ် BK Forward တွင် ကစားနေသူ ဖြစ်ပြီး အောင်မြင်တဲ့ ဘောလုံးသမားတစ်ဦး ဖြစ်လာရေး ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ အိုရီဘရိုတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံလာရပါတယ်။

မော့စ်ဟာဂန်ဟာ စနေနေ့ညလယ်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရပေမယ့်လည်း သေဆုံးသွားခဲ့ပါတယ်။

သူဟာ ဒုစရိုက်ဂိုဏ်းများနှင့် တစုံတရာ ပတ်သက်ခြင်း မရှိသူ ဖြစ်ရာ မိသားစုဝင်များမှာ ဝမ်းနည်းကြေကွဲလျက်ရှိကြပါတယ်။

မော့စ်ဟာဂန်ဟာ မွေးချင်းသုံးယောက်ထဲတွင် အကြီးဆုံးသားဖြစ်ပြီး ဘုရားကျောင်းသို့ ပုံမှန်သွားတတ်သူ ဖြစ်ကြောင်းလည်း သိရပါတယ်။

သူဟာ BK Forward တွင် လူချစ်လူခင်းများသူလည်းဖြစ်ပါတယ်။

image