အမြန်လမ်းမကြီးပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် EV Charging Station များတည်ရှိသည့် မိုင်တိုင်နှင့် ဆိုင်များ
စက်သုံးဆီအခက်အခဲကြုံတွေ့နေချိန်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာနေကြသည့် စက်သုံးဆီသုံးကားများ၊ EV ကားများအနေဖြင့် စက်သုံးဆီနှင့် Charging ဖြည့်တင်းနိုင်ရေးအတွက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးခဲ့ခြင်းဖြစ်သည်။
အမြန်လမ်းတလျှောက် တရားဝင်(ဖွင့်လှစ်ပြီး/တည်ဆောက်ဆဲ/ပြုပြင်ဆဲ)စက်သုံးဆီအရောင်းဆိုင်များနှင့် EV Charging Station များတည်ရှိသည့် မိုင်တိုင်နှင့်ဆိုင်အမည်များကို လမ်းအရှေ့ဖက်ခြမ်း(ရန်ကုန်ဘက်မှ မန္တလေးဘက်အသွားလမ်း)နှင့် လမ်းအနောက်ဖက်ခြမ်း(မန္တလေးဘက်မှ ရန်ကုန်ဘက်အပြန်လမ်း)ဟူ၍ အပိုင်း(၂)ပိုင်းခွဲကာအသိပေးခဲ့သည်။