2 ပတ် - ဘာသာပြန်ပါ။

DPLA ၊ KNDF ၊ PNLO နှင့် PDFအဖွဲ့(၄)ဖွဲ့မှ အဖွဲ့ဝင်(၂၇)ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာ

DPLA ၊ KNDF ၊ PNLO နှင့် PDF အဖွဲ့(၄)မှ အဖွဲ့ဝင်အ မျိုးသား(၂၆)ဦးနှင့် အမျိုးသမီး(၁)ဦးတို့သည် လက် နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာရာ ယနေ့ မတ် ၂၄ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်း မ၌ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

DPLA အဖွဲ့ဝင်အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦး၊ KNDF အဖွဲ့ဝင်အမျိုးသား(၅)ဦး၊ PNLO အဖွဲ့ဝင်အမျိုး သား(၁၄)ဦးနှင့် သထုံ PDF အဖွဲ့ဝင်အမျိုးသား(၁)ဦးတို့သည် M-16 (၁)လက်၊ M-22 (၂)လက်၊ စနိုက်ပါ(၁) လက်၊ AK -47 (၁)လက်၊ Type-81 (၃)လက်၊ ပစ္စတို(၂) လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ အလင်း ဝင်လာကြခြင်းဖြစ်ကာ လက်နက်ခဲယမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများထံအပ်နှံခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ဆုကြေးငွေကျပ်(၄၈၉)သိန်းကိုပေးအပ်ပြီး ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြကြောင်း သိရသည်။

image