MAI မှနိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို မနက်ဖြန် မတ် ၂၆ ရက်မှစ၍ ယခင်အတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေး
ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလအတိုင်းပုံမှန်ပြန်လည်ပျံသန်းပေး
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ နိုင်ငံ တကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို မနက်ဖြန် မတ် ၂၆ ရက်မှစ၍ ယခင်အတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလအတိုင်းပုံမှန်ပြန်လည်ပျံသန်းပေးသွားမည်ဟု အသိပေးခဲ့သည်။
နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ် ဆောင်ခွင့်အနေဖြင့် Economy Class အတွက် (3KG အထိ၊ Business Class အတွက် (4KG အထိပြန် လည်သယ်ဆောင်နိုင်ပြီဖြစ်ကာ 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝)အဖွဲ့ဝင်များအနေဖြင့် အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်ပေးအပ်သွားမည်ဟု အသိပေးခဲ့သည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်မှ မတ် ၂၅ ရက်အတွင်း အ သစ်ပြောင်းလဲသတ်မှတ်ခဲ့သည့် ခရီးဆောင်အိတ်သယ် ယူခွင့်ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသော ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် (1KG နှင့်တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်းပြန်လည်ပေးအပ်သွားမည်ဟု အသိပေးခဲ့သည်။
အဆိုပါ ထို Travel Voucher ဇွန် ၃၀ ရက်အထိအသုံးပြုနိုင်မည်ဖြစ်ကာ အခြားသူအားလွှဲပြောင်းခြင်း(သို့) refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍မရနိုင်ဘဲ Travel Voucher အား https://docs.google.com/ forms/d/e/1FAIpQLSe2qqdFwhFLmiHDof_7fxiD9c V5gOFFwtotexIPflEgWMUysg/viewform?usp= header တွင်ဖြည့်သွင်းရယူနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် MAI မှ Operational အခြေအနေများကြောင့် ယခင်ရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်းပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကာ အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအနူးညွှတ်တောင်းပန်ပြီး မည်သည့်အခြေအနေမျိုးတွင်မဆိုခရီးသည်များ အဆင်ပြေပြေချောမွေ့စွာခရီးသွားနိုင်ရန်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။