စစ်ပွဲ ချက်ချင်းရပ်ကြဖို့ တရုတ်တောင်းဆို
အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပျံ့နှံ့နေပြီး နောက်ထပ်တင်းမာမှုများ မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိသောကြောင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်တန့်ကာ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်လုပ် ဆောင်ကြရန် တနင်္လာနေ့တွင် တရုတ်နိုင်ငံက တို-က်တွန်းခဲ့သည်။
ဟော်မုဇ်ရေလက်ကြားဖွင့်ပေးရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ခြိမ်းခြောက်ခဲ့မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ပဋိပက္ခဆက်လက်ကျယ်ပြန့်လာပြီး အခြေအနေထပ်မံဆိုးရွားလာပါက ဒေသတစ်ခုလုံးသည် ထိန်းမနိုင်သိမ်းမရသော အကျပ်အတည်းအတွင်း ကျရောက်သွားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက သတိပေးခဲ့သည်။
အင်အားသုံးခြင်းသည် အဆိုးသံသရာကိုသာ ဦးတည်စေလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံးအနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်ချက်များကို ချက်ချင်းရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုကို ပြန်သွားရန်နှင့် အစကတည်းက မစခဲ့သင့်သော စစ်ပွဲကို ဆက်မဖြစ်အောင်ကာကွယ်ရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: ချိုင်းနားဒေးလီး