အရှေ့အလယ်ပိုင်းစစ်သည်အရှက်တကွဲဖြစ်ရပ်ဟုပုပ်ရဟန်းမင်းပြော

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော လူသေဆုံးမှုများနှင့် ဒုက္ခပြဿနာများသည် လူ့မိသားစုတစ်ရပ်လုံးအတွက် အရှက်တကွဲ အကျိုးနည်း သောဖြစ်ရပ်ကြီးတစ်ခုဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကာ ချက်ချင်းအပ-စ်အခတ်ရပ်စဲကြရန် ထပ်လောင်း မေတ္တာရပ်ခံခဲ့သည်။

အမေရိကနှင့် အစ္စရေးတို့၏ အီရန်ကို စစ်ခင်းနေမှု လေးပတ်တာကာလသို့ ဝင်ရောက်လာသည်နှင့်အမျှ စစ်ပွဲနှင့် အကြမ်းဖက်မှုများကြောင့် ပျ-က်စီးထိခိုက်နေသည့် အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများ၏ အခြေအနေများအပေါ် သူ စိတ်ပျ-က်အားလျော့နေရကြောင်း ပထမဆုံးအကြိမ်အဖြစ် ပုပ်ရဟန်းမင်းက ပြောကြားခဲ့သည်။

ဒီပဋိပက္ခတွေမှာ အကာအကွယ်မဲ့ မြေစာပင်ဖြစ်ရတဲ့ လူများစွာ ဒုက္ခကြုံနေရတာကို ငါတို့ တိတ်ဆိတ်နေလို့ မရပါဘူး။ သူတို့ရဲ့ နာကျင်မှုတွေဟာ လူသားတစ်ရပ်လုံးရဲ့ နာကျင်မှုပါပဲ ဟု စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် ၎င်း၏ အပတ်စဉ် ဆုတောင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်လိုမှုများရပ်တန့်၍ အဆုံးတစ်နေ့တွင် ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးနိုင်ရန် မိမိက အလေးအနက် ထပ်လောင်း မေတ္တာရပ်ခံပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: အေးရှားဝမ်း

image