အီရန်မှ ကီလိုမီတာ ၄,၀၀၀ အကွာရှိ ဒီယေဂိုဂါးစီးယားသို့ ဒုံးကျည်များ ပ-စ်ခတ်

အီရန်နိုင်ငံသည် ၎င်း၏ ကမ်းခြေမှ ကီလိုမီတာ ၄,၀၀၀ (၂,၄၈၅ မိုင်) ခန့် ဝေးကွာသော ဗြိတိန်-အမေရိကပိုင် ဒီယေဂိုဂါးစီးယား အခြေစိုက်စခန်းသို့ ပဲ့ထိန်းဒုံးကျည်များ ဖြင့် ပ-စ်ခတ်ခြင်းသည် သုံးပတ်ကြာ စစ်ပွဲအတွင်း ၎င်းတို့၌ အသုံးပြုနိုင်သည့် အစီအမံများ ကျန်ရှိနေသေးကြောင်း သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။

ဗြိတိန်အစိုးရ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အဆိုပါ စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို ပ-စ်မှတ်ထားတို-က်ခိုက်ရန် အီရန်၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ ကြောင်း သိရသည်။ ယင်းအခြေစိုက်စခန်းမှာ အီရန်နှင့် စစ်ပွဲအတွင်း အချို့သော မစ်ရှင်များအတွက် အမေရိက ကို အသုံးပြုခွင့်ပေးရန် ဗြိတိန်အစိုးရက သဘောတူထားသည့် စခန်းနှစ်ခုအနက် တစ်ခုဖြစ်သည်။

ဖေဖော်ဝါရီလ ၂၈ ရက် နေ့ကတည်းက အမေရိက-အစ္စရေးတို့၏ ဗုံးကြဲတို-က်ခိုက်မှုကို ခံနေရသော အီရန်သည် ယခုကဲ့သို့ အကွာအဝေးအထိ ပ-စ်ခတ်နိုင်စွမ်းမရှိဟု ယခင်က ယူဆခဲ့ကြသော်လည်း ယခုဖြစ်ရပ်သည် ပဋိပက္ခ၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်ဖွယ်မရှိပေ။

ပြင်သစ် မဟာဗျူဟာသုတေသနဖောင်ဒေးရှင်းမှ သုတေသီ အီတီယန် မားကပ်ဇ် က “အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုနေတဲ့ ဗြိတိန်ကျွန်းဟာ အီရန်ကမ်းရိုးတန်းကနေ ကီလိုမီတာ ၄,၀၀၀ နီးပါး ဝေးကွာနေတာကြောင့် ဒါဟာ ထူးခြားတဲ့ တိုးတက်မှုတစ်ခုပါပဲ” ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ယင်းမှာ “ယခင်က ခန့်မှန်းထားသည့် အီရန်ဒုံးကျည်များ၏ အမြင့်ဆုံး ပ-စ်ခတ်နိုင်စွမ်းထက် ကျော်လွန်နေခြင်း” ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခင်က အီရန်၏ အလတ်စား ပဲ့ထိန်းဒုံးကျည်များ သည် ကီလိုမီတာ ၃,၀၀၀ ခန့်သာ ပစ်ခတ်နိုင်သည်ဟု သတ်မှတ်ထားခဲ့ကြကြောင်း သိရသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image