အီရန်သမ္မတက မိုဒီနှင့် ဆွေးနွေးပြီးနောက်ဘရစ်ကတွန်းအားပေးဆောင်ရွက်ရန်တိုက်တွန်း
နူးဒေလီ၊ မတ် ၂၃ ရက်
အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်သည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီနှင့် စနေနေ့က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အနောက်အာရှတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရာ၌ ဘရစ် အဖွဲ့အနေဖြင့် အနာဂတ်ကိုပိုမို မျှော်တွေးပြီး လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုအတွင်း ပီဇက်ရှ်ကီယန်က လက်ရှိဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း တည်ငြိမ်မှုရှိစေရန် ဘရစ် အနေဖြင့် အထောက်အကူပြုရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းက ယခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုကို ရည်ညွှန်းလျက် တင်းမာမှုများ လျှော့ချရာတွင် အဖွဲ့ဝင်နိုင်ငံများက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းခဲ့သည်။ အီရန်သည်လည်း ဘရစ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
အီရန်သမ္မတသည် မကြာသေးမီက စစ်ရေးဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်း လက်ရှိအခြေအနေများကို မိုဒီအား ရှင်းလင်းပြောကြားခဲ့ပြီး ပဋိပက္ခအပေါ် အီရန်၏ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။ ၎င်းက တိုက်ခိုက်မှုများကို အဆုံးသတ်ရန်နှင့် အခြေအနေများ ပိုမိုဆိုးရွားမလာစေရန် တားဆီးဖို့ အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် ပီဇက်ရှ်ကီယန်က ပြင်ပစွက်ဖက်မှုများမရှိဘဲ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အာမခံနိုင်မည့် အနောက်အာရှနိုင်ငံများ ဦးဆောင်သော ဒေသတွင်း လုံခြုံရေးမူဘောင်တစ်ရပ် လိုအပ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ အမေရိကနှင့် အစ္စရေးတို့၏ ကျူးကျော်မှုများ နှင့် တရားမဝင် တိုက်ခိုက်မှုများကို ရာဇ၀တ်မှုများအဖြစ် ဖော်ပြခဲ့ပြီး အီရန်သည် ပဋိပက္ခကို စတင်ခဲ့သူမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများသည် “တရားမျှတမှု၊ ယုတ္တိဗေဒ သို့မဟုတ် ဥပဒေကြောင်းအရ အခြေခံ” မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအကြောင်းမဲ့တိုက်ခိုက်ခဲ့မှုကြောင့် အဆင့်မြင့်ခေါင်းဆောင်များ၊ တပ်မှူးများ၊ အရပ်သားများနှင့် ကျောင်းသူကျောင်းသားများ သေဆုံးခဲ့ရသကဲ့သို့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦများလည်း ပျက်စီးခဲ့ရကြောင်း ၎င်းက ရှင်းလင်းပြောကြ။းခဲ့သည်။
Ref: ခမာတိုင်းမ်စ်