ပျဥ်းမနားမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိင လျင်တစ်ခုလှုပ်ခတ်

နေပြည်တော်၊ ပျဥ်းမနားမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မတ် ၂၃ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့၏ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

" တော်တော်ပြင်းတယ် ဒီငလျင်က အသံကြီးပါပါတယ်။ ဆွဲဆောင့်လိုက်သလိုနှစ်ချက်လောက်ဖြစ်သွားတယ်။ အရင်တစ်ခါတုန်းကလိုဘဲ။ အဲ့လောက်မပြင်းတာဘဲရှိတယ်။ ကြောက်ဖို့တော့ ကောင်းတယ်"ဟု ပျဥ်းမနားမြို့တွင်နေထိုင်သည့် ကိုအောင်ခန့်က ပေါ်ပြူလာနယူးစ်ကိုပြောသည်။

image