ခါရာဘောင်ဖလားကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခံနေရတဲ့ အာဆင်နယ်ဂိုးသမားကီပါ
=====================
ဘောလုံးပရိသတ်များက ဝင်ဘာလေကွင်းတွင် မန်စီးတီးအား ပေးခဲ့ရတဲ့ ပထမဂိုးတွင် အမှားပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်ဂိုးသမားကီပါအာရီဇာဘာလာဂါမှာ ခါရာဘောင်ဖလားကျိန်စာသင့်နေတဲ့ ကစားသမားလို့ ယုံကြည်လာကြပါတယ်။

ကီပါဟာ ဘာနာဒိုဆေးလ်ဗားရဲ့ ဖြတ်တင်ဘောအား ဖမ်းမိခဲ့ခြင်း မရှိပြီးနောက် အသက် ၂၁ နှစ်ရှိ နီကိုအိုရိုင်လီရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။

ဒါ့အပြင် သူဟာ ယင်းပွဲတွင် ဧရိယာအပြင်သို့ ထွက်ကာ ဘောလုံးအား ဖြတ်ယူရန် ကြိုးပမ်းစဉ် ဂျီရီမီဒူကိုအား ပြစ်ဒဏ်ကျူးလွန်မှုအတွက် ကံကောင်းထောက်မစွာ အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။

ဒိုင်လူကြီးက ဒိုကူမှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေး မရှိဘူးလို့ ယုံကြည်နေမှုနှင့်အတူ ကီပါကို အဝါကတ်သာ ပြခဲ့တာပါ။

ခါရာဘောင်ဖလားတွင် ၂-၀ ဖြင့် အရေးနိမ့်ကာ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီးနောက် ဘောလုံးဝေဖန်ရေးသမားများ၊ ပရိသတ်များဟာ ကီပါကို အပြင်းအထန် ဝေဖန်နေကြပါတယ်။

ပရိသတ်အချို့တို့ကလည်း ကီပါမှာ ခါရာဘောင်ဖလားကျိန်စာသင့်နေတဲ့ ကစားသမားလို့ ယုံကြည်နေကြပါတယ်။

ကီပါဟာ ချဲလ်ဆီးတွင် ကစားစဉ်တုန်းက ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ ၂ ကြိမ် ရောက်ဖူးပြီး ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်တုန်းက မန်စီးတီးနှင့် ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်တွင် ဝီလီကာဘယ်လီရိုနှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့် လူစားလဲလှယ်ရန် ငြင်းဆိုခဲ့ပြီး ဆက်ကစားခဲ့ရာ အရေးနိမ့်ခဲ့ပါတယ်။

ယင်းနောက် သူဟာ ၂၀၂၂ ခုနှစ် လီဗာပူးနှင့် ပင်နယ်တီအဆုံးအဖြတ်ကန်ချိန်တွင်လည်း ပင်နယ်တီအား ထောင်ကန်မှုကြောင့် ၁၁-၁၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

image