3 ပတ် - ဘာသာပြန်ပါ။

အင်္ဂလန်အသင်းတွင် ချန်လှပ်ခံခဲ့ရပြီးနောက် စည်းကမ်းချိုးဖောက်မှုကြောင့် မက်ဒရစ်ဒါဘီပွဲတွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံလာရတဲ့ ထရန်းအလက်ဇန္ဒားအာနိုး
===================
ရီးရဲလ်မက်ဒရစ်နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးဟာ နောက်ကျမှုကြောင့် အရေးယူခြင်းခံခဲ့ရတဲ့အနေဖြင့် တနင်္ဂနွေနေ့ည အက်သလက်တီကိုမက်ဒရစ်အား အနိုင်ရတဲ့ မက်ဒရစ်ဒါဘီပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ပွဲထွက်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။

လီဗာပူးနောက်ခံလူဟောင်းဟာ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာပြီးနောက် အစောပိုင်းတွင် ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြနိုင်မှုနှင့်အတူ အလှည့်အပြောင်းနှင့် ကြုံလာခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ သောကြာနေ့တုန်းက သောမတ်စ်တူချယ် ထုတ်ပြန်တဲ့ အင်္ဂလန်အသင်း ၃၅ ဦးလူစာရင်းတွင် ချန်လှပ်ခြင်းခံရကာ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ရန် အခွင့်အရေးမရှိတော့ကြောင်း ပြသခြင်းခံခဲ့ရပါတယ်။

သူဟာ တနင်္ဂနွေနေည ပွဲစဉ်တွင်လည်း ပွဲထွက်လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပြန်ပါတယ်။ သူဟာ မက်ဒရစ်ဒါဘီနိုင်ပွဲတွင် ကာဗာဂျယ်အား ပွဲထွက်ကစားသမားနေရာ ဆုံးရှုံးခဲ့ရပြီး ပွဲပြီးရန် ၁၅ မိနစ်အလိုတွင်မှ ပါဝင်ကစားခဲ့ရပါတယ်။

The Athletic ရဲ့ ဖော်ပြမှုအရ ထရန်းအလက်ဇန္ဒားအာနိုးဟာ လေ့ကျင့်ခန်းအစီအစဉ်သို့ နောက်ကျပြီးမှ ရောက်လာမှုနှင့်အတူ ပွဲထွက်နေရာ ဆုံးရှုံးလာရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မက်ဒရစ်ဒါဘီပွဲစဉ်တွင် ဗီနီရှပ်စ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဗယ်ဗာဒီရဲ့ သွင်းဂိုးတို့ဖြင့် ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာ နွေရာသီတွင် လီဗာပူးမှ ပြောင်းလာပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၁ ပွဲ ကစားထားပါတယ်။ သူဟာ ယင်းမှ ၁၄ ပွဲကို ပွဲထွက်ကစားခွင့်ရထားတာ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ညာနောက်ခံလူနေရာအတွက် တီနိုလီဗရာမန်တို၊ ဂျာရဲလ်ကွန်ရှာ၊ ဒီဂျက်စပင့်တို့ ရှိနေမှုနှင့်အတူ ထရန်းအလက်ဇန္ဒားအာနိုးကို ချန်လှပ်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်ရဲ့ ဉီးစားပေးညာနောက်ခံလူက ရီစီဂျိမ်းစ်လည်း ရှိနေပြီး လက်ရှိအချိန်တွင် ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

image