လန်ဒန်တွင် လူမျိုးရေးခွဲခြားခံနေရတဲ့ လူအား ကယ်တင်ရာမှာ ဘရန့်ဖို့ဒ်စတား ၂ ဦး သွေးစွန်းခဲ့ရ
===================
ဘရန့်ဖို့ဒ်စတားနှစ်ဦးတို့ဟာ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုအား ရပ်တန့်ရန် ကြိုးပမ်းစဉ် သွေးစွန်းခဲ့ရပါတယ်။

ဘရန့်ဖို့ဒ်အသင်းသားတို့ဟာ လိဒ်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီး အိမ်ပြန်ချိန်တွင် နံနက် ၂ နာရီအချိန်မှာ လူတစ်ဦး တိုက်ခိုက်ခံနေရတာတွေ့ခဲ့ရတာပါ။

မျက်မြင်သက်သေများရဲ့အဆိုအရ ယင်းတိုက်ခိုက်မှုမှာ လူမျိုးရေးခွဲခြားမှုကြောင့်လို့ ယုံကြည်ရပြီး အဖြစ်အပျက်ကို တားဆီးရာမှ ဘရန့်ဖို့ဒ်စတား ၂ ဦးတို့ ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

ယင်းကစားသမား ၂ ဦးတို့ဟာ အသင်းနှင့်အတူ လိုက်ပါခြင်းမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့် အိမ်ပြန်ကြစဉ် ယင်းအဖြစ်အပျက်နှင့် ကြုံခဲ့တာ ဖြစ်ပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ကစားသမား ၂ ဦးတို့ဟာ ဒဏ်ရာရရှိခဲ့ကြပေမယ့် ပြင်းထန်ခြင်း မရှိပါဘူး။ ၎င်းတို့ဟာ တိုက်ခိုက်ခံရသူနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်လာတဲအ့ထိ စောင့်ဆိုင်းပေးခဲ့ကြပါတယ်။

တဖက်တွင် နယူးကာဆယ်နှင့် ဆန်းဒါးလန်းနှင့်ပွဲတွင်လည်း ဆန်းဒါးလန်းကစားသမားဂီယာထရူဒါ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပြီး ပွဲကို ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ရပါတယ်။

ယင်းပွဲမတိုင်မီတွင်လည်း နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပရိသတ်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

image