၁ ပွဲပယ်ခံလာရလို့ အရေးပါတဲ့ လီဂူး ၁ ပွဲစဉ်ကို လွဲချော်လာတော့မယ့် ဂရင်းဝုဒ်
===================
မေဆင်ဂရင်းဝုဒ်ဟာ တနင်္ဂနွေနေ့ညတုန်းက လိုင်လီအား ၂-၁ ဂိုးဖြင့် အရေးနိမ့်တဲ့ လီဂူး ၁ ပွဲစဉ်တွင် ယခုရာသီ ၅ ကြိမ်မြောက် အဝါကတ်ပြသခြင်းခံရပြီးနောက် အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်ကျခံလာရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်သမားဟာ ဆိုးရွားတဲ့ ဖျက်ထုတ်ခြင်းခံရပြီးနောက် ပြိုင်ဘက်ကစားသမားများနှင့် အချင်းများမှုကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယင်းပွဲရဲ့ ပွဲချိန် ၁၈ မိနစ်တွင်ပင် လူစားလဲလှယ်ခြင်းခံခဲ့ရမှုနှင့်အတူ ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာ ရှိနေပါတယ်။

သူဟာ ယင်းပွဲရဲ့ ပွဲချိန် ၁၃ မိနစ်တွင် ကယ်ဗင်ဗာဒွန့်ရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်ခြင်းခံခဲ့ရပြီးနောက် နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အဖြစ်အပျက်တွင် ပါဝင်တဲ့ မေဆင်ဂရင်းဝုဒ်၊ ဗာဒွန့်နှင့် ဟာကွန်ဟာရယ်ဆင်တို့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ များမကြာမီမှာပင် ဆက်မကစားနိုင်မှုကြောင့် အီသန်နဝမ်နရီနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။

မာဆေးဟာ ပထမပိုင်းမှာ အာဆင်နယ်မှ အငှားဖြင့် လာကစားနေတဲ့ နဝမ်နရီရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မူနီယာ၊ ဂျရူးတို့ရဲ့ ဂိုးတွေကြောင့် လိုင်လီအား ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ အဝါကတ်ပြသခြင်းခံရလို့ အဝါကတ် ၅ ကတ်ပြည့်လာမှုနှင့်အတူ ၁ ပွဲခံလာရပါတယ်။

သူဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင် မိုနာကိုအား အဝေးကွင်းသို့ သွားရောက် ကစားရမယ့် အရေးပါတဲ့ လီဂူး ၁ ပွဲစဉ်ကို လွဲချော်လာပါမယ်။

ဂရင်းဝုဒ်ဟာ ယခုရာသီတွင် လီဂူး ၁ တွင် ၁၅ ဂိုးသွင်းထားကာ ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။ လီဂူး ၁ ဂိုးသွင်းဘုရင်အဖြစ် စထရာဘော့ရဲ့ ဂျိုးအာကွင်းပါနီချယ်လီက ၁၆ ဂိုးဖြင့် ရပ်တည်နေပါတယ်။

image