2 ပတ် - ဘာသာပြန်ပါ။

ကနေဒါပေါ့ပ်စတား The Weeknd ရဲ့ ရှိုးပွဲများနှင့် တိုက်နေမှုကြောင့် ကွန်မြူနတီဒိုင်းပွဲကို ကာဒစ်ဖ်သို့ ရွှေ့ပြောင်းကစားမည်
=====================
ကွန်မြူနတီဒိုင်းပွဲကို ဝင်ဘာလေကွင်းတွင် ပြုလုပ်မယ့် ကနေဒါပေါ့ပ်စတား The Weeknd ရဲ့ ရှိုးပွဲနှင့် တိုက်နေမှုကြောင့် ဩဂုတ်လတွင် ကာဒစ်ဖ်သို့ ရွှေ့ပြောင်းကစားလာပါမယ်။

ပရီးမီးယားလိဂ်ချန်ပီယံနှင့် အက်ဖ်အေချန်ပီယံတို့ ယှဉ်ပြိုင်ကစားတဲ့ ယင်းပွဲကို ဝင်ဘာလေကွင်းတွင် ကစားလာခဲ့ခြင်းဖြစ်ပေမယ့်လည်း ယခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကွင်းအာား မနေပါဘူး။

ကနေဒါပေါ့ပ်စတား The Weeknd က ဩဂုတ်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်အထိ ဝင်ဘာလေကွင်းတွင် ရှိုးပွဲ ၅ ပွဲ ပြုလုပ်ပါမယ်။

ဒါကြောင့်လည်း ယခင်တုန်းက ထောင်စုကွင်းကြီးအဖြစ် လူသိများတဲ့ The Principality Stadium တွင် ပြောင်းလဲ ကစားလာပါမယ်။ ဒီကွင်းတွင် ယခင်တုန်းက ဝင်ဘာလေကွင်းအား အသစ်မွမ်းမံတည်ဆောက်နေစဉ်တုန်းက ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ကွန်မြူနတီဒိုင်းပွဲများ ကစားဖူးပါတယ်။

ဒီကွင်းက အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်နှင့် ဝေးလ်တို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲ အဖွင့်ပွဲကစားမယ့် ကွင်းလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တွင် ကွန်မြူနတီဒိုင်းပွဲကို ဝင်ဘာလေကွင်းတွင် ပြန်ကစားခဲ့ပေမယ့်လည်း အိုလံပစ်နှင့် တိုက်နေမှုကြောင့် ၂၀၁၂ ခုနှစ်တုန်းက ဗီလာပါ့ခ်တွင် ကစားခဲ့ဖူးသလို ၂၀၂၂ ခုနှစ်တုန်းကလည်း အမျိုးသမီးယူရိုချန်ပီယံပြိုင်ပွဲဗိုလ်လုပွဲနှင့် တိုက်နေမှုကြောင့် လက်စတာရဲ့ King Power ကွင်းတွင် ကစားခဲ့ရဖူးပါသေးတယ်။

၂၀၂၅ ခုနှစ် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် အက်ဖ်အေဖလားချန်ပီယံ ပဲလေ့စ်က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ပင်နယ်တီတွင် ၃-၂ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

image