ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျုးလွန်နေသည့် ပြည်ပနိုင်ငံသားများကို (၃)ရက်ဆက်တိုက်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများကို မတ်လ ၂၂ ရက်နေ့ က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့က လဲချားမြို့နယ် ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ချိန် ကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀၀ အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျုးလွန်နေသည့် လူနေအဆောက်အုံများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိတွင် တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄၉ ဦး နှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အဆိုပါကျေးရွာအနီးတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်၊

ထို့နောက် မတ်လ ၂၂ ရက်နေ့တွင် လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးတို့ကို ထပ်မံ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

image